K pop

■ #LUCAS_OUT ဆိုပြီး Trends ဖြစ်နေ

— – – Scandal ပေါ်ပေါက်လာပြီးနောက်မှာ လှုပ်ရှားမှုတွေ ရပ်နားခံရထားတဲ့ Lucas ကို …

NCT၊ WayV နဲ့ SuperM အဖွဲ့ဝင်ဖြစ်တဲ့ Lucas ဟာ အရင်တုန်းက သူနဲ့ ဒိတ်လုပ်ခဲ့တဲ့ ကောင်မလေးတွေဆီကို လိမ်ညာခဲ့ပြီး တန်ကြီးဖိုးလက်ဆောင်တွေ ရယူခဲ့တယ်လို့ သြဂုတ်လအစပိုင်းမှာ စွပ်စွဲချက်တွေ ထွက်ခဲ့တာပါ။

Lucas ကို အဲဒီလို စွပ်စွဲတဲ့ ကောင်မလေး (၄)ဦးအထိ ရှိနေပြီး Scandal ဟာ တဖြည်းဖြည်းနဲ့ အသံကျယ်လာပြီးနောက်မှာတော့ Lucas က လက်ရေးစာတစ်စောင်ရေးကာ ခံခဲ့ရသူတွေကို လူချင်းတွေ့ တောင်းပန်ချင်ကြောင်းနဲ့ အတိတ်က လုပ်ရပ်တွေအတွက် နောင်တရကြောင်း ဖော်ပြခဲ့ပါတယ်။

Scandal က အသံကျယ်လာတာကြောင့် SM က Lucas ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပြီး သူတို့ရဲ့ အနုပညာရှင်ကို လမ်းမှန်မညွှန်ပေးနိုင်တဲ့အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Lucas ရဲ့ anti-fans တွေက ရုန်းကန်နေရတဲ့ Lucas ကို NCT၊ WayV နဲ့ SuperM အဖွဲ့တွေက ထွက်သွားဖို့အထိပါ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက Twitter မှာ #LUCAS_OUT ဆိုကာ Trends ဖြစ်နေပြီး အဲဒီလုပ်ရပ်ကို NCT နဲ့ Lucas ရဲ့ပရိသတ်တွေက အတော်လေးကို ဒေါသထွက်နေကြတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: KSZ

 

-Zawgyi

■ #LUCAS_OUT ဆုိၿပီး Trends ျဖစ္ေန

— – – Scandal ေပၚေပါက္လာၿပီးေနာက္မွာ လႈပ္ရွားမႈေတြ ရပ္နားခံရထားတဲ့ Lucas ကုိ …

NCT၊ WayV နဲ႔ SuperM အဖဲြ႕၀င္ျဖစ္တဲ့ Lucas ဟာ အရင္တုန္းက သူနဲ႔ ဒိတ္လုပ္ခဲ့တဲ့ ေကာင္မေလးေတြဆီကုိ လိမ္ညာခဲ့ၿပီး တန္ႀကီးဖုိးလက္ေဆာင္ေတြ ရယူခဲ့တယ္လုိ႔ ၾသဂုတ္လအစပုိင္းမွာ စြပ္စဲြခ်က္ေတြ ထြက္ခဲ့တာပါ။

Lucas ကုိ အဲဒီလုိ စြပ္စဲြတဲ့ ေကာင္မေလး (၄)ဦးအထိ ရွိေနၿပီး Scandal ဟာ တျဖည္းျဖည္းနဲ႔ အသံက်ယ္လာၿပီးေနာက္မွာေတာ့ Lucas က လက္ေရးစာတစ္ေစာင္ေရးကာ ခံခဲ့ရသူေတြကုိ လူခ်င္းေတြ႕ ေတာင္းပန္ခ်င္ေၾကာင္းနဲ႔ အတိတ္က လုပ္ရပ္ေတြအတြက္ ေနာင္တရေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

Scandal က အသံက်ယ္လာတာေၾကာင့္ SM က Lucas ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကုိ ဆုိင္းငံ့ထားမယ္လုိ႔ ေၾကညာခဲ့ၿပီး သူတုိ႔ရဲ႕ အႏုပညာရွင္ကုိ လမ္းမွန္မညႊန္ေပးႏုိင္တဲ့အတြက္ ေတာင္းပန္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Lucas ရဲ႕ anti-fans ေတြက ႐ုန္းကန္ေနရတဲ့ Lucas ကုိ NCT၊ WayV နဲ႔ SuperM အဖဲြ႕ေတြက ထြက္သြားဖုိ႔အထိပါ ေတာင္းဆုိေနၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ရက္ပုိင္းက Twitter မွာ #LUCAS_OUT ဆုိကာ Trends ျဖစ္ေနၿပီး အဲဒီလုပ္ရပ္ကုိ NCT နဲ႔ Lucas ရဲ႕ပရိသတ္ေတြက အေတာ္ေလးကုိ ေဒါသထြက္ေနၾကတယ္လုိ႔ ကုိရီးယားမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Ref: KSZ

You cannot copy content of this page