K pop

■ Jungkook နဲ့ သူ့ကို Ship နေကြတဲ့အပေါ် V တုံ့ပြန်

— – – သူ့ရဲ့မှတ်ချက်အတွက် ပရိသတ်တွေက V ကို ထောက်ခံခဲ့ကြပြီး ဒါဟာ …

BTS အဖွဲ့မှာ ပရိသတ်တွေ Ship အလုပ်ဆုံးက Maknae Line က V နဲ့ Jungkook တို့ဖြစ်ပြီး V ကတော့ Jungkook နဲ့ Ship နေကြတဲ့အပေါ် Weverse မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက V ဟာ Weverse မှာ သူ့အနေနဲ့ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အလျင်အမြန် အိပ်လိုကြောင်း၊ အဲဒီအတွက် နည်းလမ်းရှိရင် ပေးကြဖို့ ARMY တွေကို တောင်းဆိုခဲ့ပါတယ်။

အဲဒီမှာ ပရိသတ်ကောင်မလေးတစ်ယောက်က “ကျွန်မမှာ နည်းလမ်း ရှိပါတယ် Oppa။ Oppa ချစ်တဲ့ Jungkook နဲ့ ရိုက်ထားတဲ့ပုံကို ကြည့်လိုက်ပါ”ဆိုပြီး Comment ပေးခဲ့တာပါ။

V က အဲဒီ Comment ကို “စိတ်ကူးယဉ်ကမ္ဘာထဲက ထွက်ခဲ့လိုက်ပါ ညီမလေး။ ဒီမှာ အဲဒါက အသုံးမဝင်ဘူး”လို့ Reply ပြန်ခဲ့တာပါ။

ပရိသတ်တော်တော်များများက V ရဲ့ အဲဒီမှတ်ချက်ကို ထောက်ခံခဲ့ကြပြီး Ship တွေက ပရိသတ်တွေအတွက် ပျော်စရာဖြစ်ပေမဲ့ Idol တွေအတွက် Ship တွေက မသက်မသာဖြစ်စေကြောင်း ပြောဆိုခဲ့ကြပါတယ်။

Ref: Koreaboo

 

-Zawgyi








Ref: Koreaboo

You cannot copy content of this page