K pop

■ Soompi K-Pop Music Chart မှာ BTS (၆)ပတ်ဆက် ဦးဆောင်ခဲ့ပြီး All time စံချိန်ကို လိုက်မိဖို့ နီးစပ်လာ

— – – All time စံချိန်ကို ချိုးဖို့ဆိုရင်တော့ နောက်(၃)ပတ်ဆက်တိုက် …

BTS အဖွဲ့ရဲ့ Permission to Dance သီချင်းဟာ Soompi ရဲ့ K-Pop Music Chart မှာ (၆) ပတ်ဆက်တိုက် ဦးဆောင်ခဲ့ပြီး All time စံချိန်ကို ချိုးဖျက်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

Soompi ရဲ့ K-Pop Music Chart မှာ All time Record အဖြစ် စံချိန်တင်ထားတာ BLACKPINK အဖွဲ့ဖြစ်ပြီး ၂၀၂၀ တုန်းက BLACKPINK အဖွဲ့ဟာ How You Like That သီချင်းနဲ့ Soompi ရဲ့ K-Pop Music Chart မှာ (၈)ပတ်ဆက်တိုက် နံပါတ် (၁) ရခဲ့တာပါ။

K-Pop အမျိုးသားအဖွဲ့တွေထဲမှာလည်းဆိုရင် Kings of K-Pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့က ၂၀၀၇ ခုနှစ်ထုတ် သူတို့ရဲ့ Smash Hit သီချင်း Lie နဲ့ Soompi ရဲ့ K-Pop Music Chart မှာ (၇)ပတ်ဆက်တိုက် နံပါတ် (၁) ရခဲ့ပြီး စံချိန်တင်ထားခဲ့တာပါ။

အခု BTS အဖွဲ့ရဲ့ Permission to Dance သီချင်းက Soompi ရဲ့ K-Pop Music Chart မှာK-Pop Music Chart မှာ (၆)ပတ်ဆက်တိုက် နံပါတ် (၁) ရခဲ့တာဖြစ်လို့ နောက်ပတ် (၃)ဆက်တိုက်သာ နံပါတ် (၁)မှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် All time Record တွေ အားလုံးကို ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် Soompi ရဲ့ K-Pop Music Chart မှာ BTS အဖွဲ့ရဲ့ Permission to Dance သီချင်းနဲ့အတူ Red Velvet ရဲ့ Queendom က နံပါတ် (၂)၊ Taeyeon ရဲ့ Weekend က နံပါတ် (၃)၊ aespa ရဲ့ Next Level က နံပါတ် (၄) နဲ့ AKMU ရဲ့ NAKKA (with IU) က နံပါတ် (၅) တို့မှာ ရပ်တည်ခဲ့တာပါ။

Ref: Soompi

 

-Zawgyi

■ Soompi K-Pop Music Chart မှာ (၆)ပတ်ဆက် BTS ဦးဆောင်ခဲ့ပြီး All time စံချိန်ကို လိုက်မိဖို့ နီးစပ်လာ







Ref: Soompi

You cannot copy content of this page