— – – သူတို့ရဲ့တက်တူးတွေ နောက်ကွယ်မှာ လှပတဲ့ဇာတ်လမ်းတွေ …
လူတစ်ယောက် မတော်တဆတစ်ခုကြောင့် အမာရွတ်ကျန်ခဲ့တယ်ဆိုတာ ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ Idol တွေကတော့ အဲဒီအမာရွတ်တွေကို တက်တူးတွေနဲ့ အလှဆင်ခဲ့ပါတယ်။
Ten (NCT)
NCT အဖွဲ့ဝင် Ten ရဲ့ ရင်ဘတ်မှာ အမာရွတ်တစ်ခု ရှိပါတယ်။ သူ့အနေနဲ့ အတိတ်တုန်းက အသည်းခွဲစိတ်မှု ပြုလုပ်ခဲ့တာကြောင့် အဲဒီအမာရွတ် ကျန်နေတာဖြစ်ပြီး သူဟာ အဲဒီအမာရွတ်ကို ဖုံးကွယ်ဖို့အတွက် တက်တူးထိုးခဲ့ပါတယ်။
Minhyuk (MONSTA X)
၂၀၁၆ မှာ MONSTA X အဖွဲ့ဝင် Minhyuk ဟာ ဒူးအရွတ်ဒဏ်ရာရပြီး ဘယ်ဘက်ဒူးကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒါက အမာရွတ်အဖြစ် ကျန်နေခဲ့ပြီး Minhyuk ဟာ အဲဒီအမာရွတ်ပေါ်မှာ ဝေလငါးပုံ တက်တူးထိုးခဲ့တာပါ။
Hyolyn
SISTAR အဖွဲ့ဝင်ဟောင်း Hyolyn ဟာ pediatric cancer ကို ခံစားခဲ့ရပြီး အတော်လေး ရုန်းကန်ခဲ့ရတာပါ။ အဲဒီအတွက် ခွဲစိတ်မှု (၂)ကြိမ်တောင် ခံယူခဲ့ရပြီး ဝမ်းဗိုက်မှာ ကြီးမားတဲ့အမာရွတ် ကျန်ခဲ့ပါတယ်။ Hyolyn ဟာ အဲဒီအမာရွတ်ကို ဖုံးကွယ်ဖို့ လက်ဝါးကပ်တိုင်ပုံကို တက်တူးထိုးခဲ့တာပါ။
Ref: Koreaboo
-Zawgyi
■ အမာရွတ်တွေကို တက်တူးနဲ့ ဖုံးကွယ်ထားတဲ့ Idol (၃) ဦး
Ten (NCT)
Minhyuk (MONSTA X)
Hyolyn
Ref: Koreaboo