– – – (၄)ရက်အတွင်းမှာပဲ အခုလို ဂုဏ်ယူဖွယ်စံချိန်ကို Lisa က …
YG Entertainment ရဲ့ ထုတ်ပြန်ချက်အရ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ပထမဆုံး solo single album ဖြစ်တဲ့ LALISA ဟာ Pre-orders စတင်ရောင်းချပြီး (၄)ရက်အတွင်းမှာပဲ မှာယူမှုမှာ (700,000)ကျော်သွားခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ သမိုင်းတစ်လျှောက် ကိုရီးယားအမျိုးသမီး Soloist တွေထဲမှာ အများဆုံးအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပြီး Pre-orders အများဆုံးရောင်းရတဲ့ အမျိုးသမီး Soloist အဖြစ် စံချိန်သစ် တင်ခဲ့တာပါ။
Lisa အနေနဲ့ သူမရဲ့ ပထမဆုံး solo single album ဖြစ်တဲ့ LALISA ကို စက်တင်ဘာ (၁၀)ရက်မှာ ထုတ်ဝေမှာ ဖြစ်တာကြောင့် Pre-order ရောင်းရမယ့်နေ့တွေက ကျန်ရှိနေသေးတာပါ။
ဒါကြောင့် Lisa ရဲ့ ပထမဆုံး solo single album ဖြစ်တဲ့ LALISA ဘယ်လောက်အထိ ဆက်ပြီး ရောင်းရဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
Source: newsen
-Zawgyi
■ Pre-orders အများဆုံးရ အမျိုးသမီး Soloist အဖြစ် Lisa စံချိန်တင်
Source: newsen