— – – Jisoo ကတော့ သူတို့အဖွဲ့အနေနဲ့ အဲဒီနာမည်တွေထဲက တစ်ခုခုနဲ့ ပွဲမထွက်ခဲ့တာကိုပဲ ကျေးဇူတင်နေ …
BLACKPINK အဖွဲ့ဝင် Jisoo ဟာ အင်တာဗျူးတစ်ခုမှာ BLACKPINK အဖွဲ့အမည်နဲ့ ပွဲမထွက်ခင်က သူတို့အဖွဲ့ ပွဲထွက်ဖို့ လျာထားတဲ့ အမည်သုံးခုကို ဖွင့်ဟခဲ့ပါတယ်။
အဲဒီအင်တာဗျူးမှာ အင်တာဗျူးသမားက ခင်ဗျားတို့အဖွဲ့အနေနဲ့ ပွဲမထွက်ခင်က BLACKPINK မဟုတ်ဘဲ တခြားအမည်တွေနဲ့ ပွဲထွက်ဖို့ စီစဉ်ခဲ့တာမျိုးများ ရှိပါသလားလို့ မေးမြန်းခဲ့ပါတယ်။
Jisoo က “အာ … ဒါ ရှင့်ကို ပြောလို့ အဆင်ပြေပါ့မလား။ တကယ်တော့ ကျွန်မတို့အဖွဲ့က PinkPunk ဆိုတဲ့ အမည်နဲ့ ပွဲထွက်ဖို့ လုပ်ခဲ့တာပါ။ ပြီးတော့ Baby Monster ဆိုတဲ့ အမည်ကိုလည်း ကျွန်မတို့ စဉ်းစားခဲ့ပါသေးတယ်။
အဆိုးဆုံးကတော့ Magnum ဆိုတဲ့ အမည်ပါပဲ။ အဲဒီနာမည်ကို ပြောင်းမယ်ကြားတုန်းက ကျွန်မ တော်တော်လေးကို အံ့သြတုန်လှုပ်ခဲ့တာပါ။ နောက်ဆုံးမှာ BLACKPINK အမည်နဲ့ ပွဲထွက်နိုင်ခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ရပါတယ်”လို့ ဆိုခဲ့ပါတယ်။
BLACKPINK အနေနဲ့ BLACKPINK အမည်နဲ့ ပွဲထွက်လာခဲ့ပေမဲ့ YG Entertainment ကတော့ Baby Monster ဆိုတဲ့ အမည်ကို မစွန့်လွှတ်သေးဘဲ Baby Monster ဆိုတဲ့အမည်ကို မူပိုင်လျှောက်ထားသလို၊ အနာဂတ်မှာ သူတို့ပွဲထုတ်မယ့် အဖွဲ့သစ်ကို ပေးဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
Ref: Koreaboo
-Zawgyi
■ BLACKPINK မဟုတ္ဘဲ ပဲြထြက္ဖုိ႔ လုပ္ခဲ့တဲ့ အဖဲြ႕အမည္ (၃)ခုကုိ Jisoo ဖြင့္ဟ
— – – Jisoo ကေတာ့ သူတုိ႔အဖဲြ႕အေနနဲ႔ အဲဒီနာမည္ေတြထဲက တစ္ခုခုနဲ႔ ပဲြမထြက္ခဲ့တာကုိပဲ ေက်းဇူတင္ေန …
BLACKPINK အဖဲြ႕၀င္ Jisoo ဟာ အင္တာဗ်ဴးတစ္ခုမွာ BLACKPINK အဖဲြ႕အမည္နဲ႔ ပဲြမထြက္ခင္က သူတုိ႔အဖဲြ႕ ပဲြထြက္ဖုိ႔ လ်ာထားတဲ့ အမည္သုံးခုကုိ ဖြင့္ဟခဲ့ပါတယ္။
အဲဒီအင္တာဗ်ဴးမွာ အင္တာဗ်ဴးသမားက ခင္ဗ်ားတုိ႔အဖဲြ႕အေနနဲ႔ ပဲြမထြက္ခင္က BLACKPINK မဟုတ္ဘဲ တျခားအမည္ေတြနဲ႔ ပဲြထြက္ဖုိ႔ စီစဥ္ခဲ့တာမ်ဳိးမ်ား ရွိပါသလားလုိ႔ ေမးျမန္းခဲ့ပါတယ္။
Jisoo က “အာ … ဒါ ရွင့္ကုိ ေျပာလုိ႔ အဆင္ေျပပါ့မလား။ တကယ္ေတာ့ ကၽြန္မတုိ႔အဖဲြ႕က PinkPunk ဆုိတဲ့ အမည္နဲ႔ ပဲြထြက္ဖုိ႔ လုပ္ခဲ့တာပါ။ ၿပီးေတာ့ Baby Monster ဆုိတဲ့ အမည္ကုိလည္း ကၽြန္မတုိ႔ စဥ္းစားခဲ့ပါေသးတယ္။
အဆုိးဆုံးကေတာ့ Magnum ဆုိတဲ့ အမည္ပါပဲ။ အဲဒီနာမည္ကုိ ေျပာင္းမယ္ၾကားတုန္းက ကၽြန္မ ေတာ္ေတာ္ေလးကုိ အံ့ၾသတုန္လႈပ္ခဲ့တာပါ။ ေနာက္ဆုံးမွာ BLACKPINK အမည္နဲ႔ ပဲြထြက္ႏုိင္ခဲ့တဲ့အတြက္ အရမ္းေက်းဇူးတင္ရပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။
BLACKPINK အေနနဲ႔ BLACKPINK အမည္နဲ႔ ပဲြထြက္လာခဲ့ေပမဲ့ YG Entertainment ကေတာ့ Baby Monster ဆုိတဲ့ အမည္ကုိ မစြန္႔လႊတ္ေသးဘဲ Baby Monster ဆုိတဲ့အမည္ကုိ မူပုိင္ေလွ်ာက္ထားသလုိ၊ အနာဂတ္မွာ သူတုိ႔ပဲြထုတ္မယ့္ အဖဲြ႕သစ္ကုိ ေပးဖြယ္ရွိတယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။
Ref: Koreaboo