K pop

■ Zodiac Sign တွေအရ ပြောနိုင်တဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ အကျင့်စရိုက်

— – – BLACKPINK အဖွဲ့ဝင်တွေထဲက ဘယ်သူက ကိုယ့်နဲ့အနီးစပ်ဖြစ်မလဲဆိုတာကို …

BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ပါရမီ၊ Girl Crush Style အပြင် ချစ်စရာကောင်းမှုတွေကြောင့် BLINK တွေဟာ စူပါစတားတွေဖြစ်တဲ့ BLACKPINK အဖွဲ့ဝင်တွေနဲ့ ရင်းနှီးချင်ကြတာ သိပ်တော့ မထူးဆန်းပါဘူး။

Jisoo


Jisoo က Capricorn ပါ။ Capricorn က အလုပ်ကြိုးစားတယ်။ ရည်မှန်းချက်ကြီးမားတယ်။ ပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိတယ်။ Jisoo ဟာ အဲဒါနဲ့ညီစွာပဲ BLACKPINK အဖွဲ့မှာ တာဝန်အယူဆုံးလို့ အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

Jennie


Jisoo လိုပဲ Jennie က Capricorn ပါပဲ။ Capricorn က သန်မာတယ်။ လွတ်လပ်တယ်။ ခပ်မာမာနေတယ်။ ဒါကို Jennie ရဲ့ Solo သီချင်း မြင်တွေ့နိုင်ပါတယ်။ Capricorn တွေက သစ္စာရှိပြီး သူငယ်ချင်းတွေကိုလည်း တန်ဖိုးထားတတ်သူတွေ ဖြစ်ပါတယ်။

Rosé


Rosé က Aquarius ပါ။ Aquarius တွေက ထူးခြားပြီး ပျော်ပျော်နေတတ်သူတွေပါ။ သူတို့က သူတို့ရဲ့ အိပ်မက်တွေနောက်ကို အဆုံးစွန်အထိ လိုက်သူတွေဖြစ်ပြီး ဂီတကို Rosé ရဲ့ ရူးသွပ်မှုက ဘယ်လောက်အထိ နက်ရှိုင်းတယ်ဆိုတာကို သူ့ပရိသတ်တိုင်း သိပါတယ်။

Lisa


Lisa က Aries ပါ။ Aries ရဲ့ သဘာဝက အမြဲတမ်း လန်းဆန်းတက်ကြွပြီး ခပ်ပြောင်ပြောင်နေတတ်တာပါ။ Lisa ဟာ BLACKPINK အဖွဲ့မှာ အငယ်ဆုံး အပြောင်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး အမြဲပျော်ပျော်နေတတ်သူပါ။ Aries တွေက သူငယ်ချင်းတွေ ရှာရတာကြိုက်သလို၊ Lisa ဟာလည်း အပေါင်းအသင်းဝင်ဆံ့သူ ဖြစ်ပါတယ်။

Ref: Koreaboo

 

-Zawgyi

■ Zodiac Sign ေတြအရ ေျပာႏုိင္တဲ့ BLACKPINK အဖဲြ႕၀င္ေတြရဲ႕ အက်င့္စ႐ုိက္

— – – BLACKPINK အဖဲြ႕၀င္ေတြထဲက ဘယ္သူက ကုိယ့္နဲ႔အနီးစပ္ျဖစ္မလဲဆုိတာကုိ …

BLACKPINK အဖဲြ႕၀င္ေတြဟာ သူတုိ႔ရဲ႕ ပါရမီ၊ Girl Crush Style အျပင္ ခ်စ္စရာေကာင္းမႈေတြေၾကာင့္ BLINK ေတြဟာ စူပါစတားေတြျဖစ္တဲ့ BLACKPINK အဖဲြ႕၀င္ေတြနဲ႔ ရင္းႏွီးခ်င္ၾကတာ သိပ္ေတာ့ မထူးဆန္းပါဘူး။

Jisoo
Jisoo က Capricorn ပါ။ Capricorn က အလုပ္ႀကိဳးစားတယ္။ ရည္မွန္းခ်က္ႀကီးမားတယ္။ ၿပီးေတာ့ တာ၀န္ခံမႈ၊ တာ၀န္ယူမႈအျပည့္ရွိတယ္။ Jisoo ဟာ အဲဒါနဲ႔ညီစြာပဲ BLACKPINK အဖဲြ႕မွာ တာ၀န္အယူဆုံးလုိ႔ အဖဲြ႕၀င္ေတြက ဆုိၾကပါတယ္။

Jennie
Jisoo လုိပဲ Jennie က Capricorn ပါပဲ။ Capricorn က သန္မာတယ္။ လြတ္လပ္တယ္။ ခပ္မာမာေနတယ္။ ဒါကို Jennie ရဲ႕ Solo သီခ်င္း ျမင္ေတြ႕ႏုိင္ပါတယ္။ Capricorn ေတြက သစၥာရွိၿပီး သူငယ္ခ်င္းေတြကုိလည္း တန္ဖုိးထားတတ္သူေတြ ျဖစ္ပါတယ္။

Rosé
Rosé က Aquarius ပါ။ Aquarius ေတြက ထူးျခားၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူေတြပါ။ သူတုိ႔က သူတုိ႔ရဲ႕ အိပ္မက္ေတြေနာက္ကုိ အဆုံးစြန္အထိ လုိက္သူေတြျဖစ္ၿပီး ဂီတကုိ Rosé ရဲ႕ ႐ူးသြပ္မႈက ဘယ္ေလာက္အထိ နက္႐ႈိင္းတယ္ဆုိတာကုိ သူ႕ပရိသတ္တုိင္း သိပါတယ္။

Lisa
Lisa က Aries ပါ။ Aries ရဲ႕ သဘာ၀က အၿမဲတမ္း လန္းဆန္းတက္ၾကြၿပီး ခပ္ေျပာင္ေျပာင္ေနတတ္တာပါ။ Lisa ဟာ BLACKPINK အဖဲြ႕မွာ အငယ္ဆုံး အေျပာင္ဆုံးအဖဲြ႕၀င္ျဖစ္ၿပီး အၿမဲေပ်ာ္ေပ်ာ္ေနတတ္သူပါ။ Aries ေတြက သူငယ္ခ်င္းေတြ ရွာရတာႀကိဳက္သလုိ၊ Lisa ဟာလည္း အေပါင္းအသင္း၀င္ဆံ့သူ ျဖစ္ပါတယ္။

Ref: Koreaboo

You cannot copy content of this page