— – – Solo သီချင်းတွေကို BLACKPINK အဖွဲ့ အမည်ပေးတဲ့ဖော်မြူလာအရဆိုရင် ဟုတ်သလိုလို …
Lisa ရဲ့ ပထမဆုံးသီချင်းအမည် LALISA ဆိုပြီး ထွက်လာပြီးနောက် BLACKPINK အဖွဲ့ရဲ့ အမာခံပရိသတ်တွေ ဖြစ်တဲ့ BLINK တွေဟာ အဖွဲ့ဝင်တွေရဲ့ Solo သီချင်းတွေအတွက် BLACKPINK အဖွဲ့ အမည်ပေးတဲ့ ဖော်မြူလာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
၂၀၁၈ မှာ BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie ဟာ “SOLO” ဆိုတဲ့ သီချင်းနဲ့ အဖွဲ့ထဲမှာ ပထမဆုံး ပွဲဦးထွက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၂၁ မတ်လမှာ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rosé က “On the Ground” ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ခဲ့တာပါ။
အခု Lisa ရဲ့ LALISA ဆိုတဲ့အမည်နဲ့ စက်တင်ဘာ (၁၀)ရက်မှာ Solo အဖြစ် ပွဲထွက်တော့မှာ ဖြစ်ပြီး Jennie၊ Rosé နဲ့ Lisa တို့ရဲ့ ပွဲထွက်သီချင်းအမည်တွေကို ဒေါင်လိုက်စီလိုက်မယ်ဆိုရင် ထိပ်ဆုံး(၃)လုံးက SOL ဆိုတာကို တွေ့ရမှာပါ။
ဒီတော့ BLACKPINK ဖော်မြူလာအရ စဉ်းစားမယ်ဆိုရင် BLACKPINK အဖွဲ့ဝင် (၄)ဦးရဲ့ ပွဲထွက်သီချင်းတွေရဲ့ ထိပ်ဆုံးစာလုံးတွေကို စီလိုက်မယ်ဆိုရင် SOLO ဆိုတဲ့ အဓိပ္ပာယ်ရမှာဖြစ်ပြီး
အဲဒီဖော်မြူလာအရ Jisoo ရဲ့ solo debut song က “O” နဲ့ စမှာပါ။
ဒါကြောင့် ပရိသတ်တွေက အဲဒီဖော်မြူလာအရဆိုရင် Jisoo ရဲ့ solo debut song က “OK”၊ “One More Time” စတဲ့ အမည်မျိုးတွေ ဖြစ်နိုင်သလို၊ Rosé ရဲ့ “On the Ground” နဲ့ ဆန့်ကျင်ဘက် “On the Sky” တောင် ဖြစ်လာနိုင်တယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။
Ref: KSZ
-Zawgyi
■ BLACKPINK ဖော်မြူလာအရ Jisoo ရဲ့ Solo သီချင်းအမည်ကို BLINK တွေ ခန့်မှန်း
Ref: KSZ