K pop

■ BTS အကြောင်း ပရိသတ်တွေ မသိလောက်သေးတဲ့ (၇)ချက်

— – – BTS အဖွဲ့ဝင်တွေကိုယ်တိုင်က ဒီအချက်တွေကို သူတို့ရဲ့ အမာခံပရိသတ်တွေတောင် မသိလောက်သေးဘူးလို့ ဖွင့်ဟထားတာပါ။

BTS အဖွဲ့ဟာ Billboard နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူတို့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMY တွေ မသိသေးဘူးလို့ ယူဆတဲ့ သူတို့ရဲ့အကြောင်းကို အခုလို ဖွင့်ဟခဲ့ပါတယ်။

RM


ကျွန်တော်က သေးငယ်ပြီး ချစ်စရာကောင်းတဲ့ အရာလေးကို ချစ်ပါတယ်။ ဒါက ကျွန်တော့်နဲ့ ဆန့်ကျင်ဖြစ်ပေမဲ့ ကျွန်တော် အဲဒီအရာလေးတွေကို လူတွေထင်တာထက် ပိုကြိုက်ပါတယ်။

Jimin


ကျွန်တော့်အကြောင်း ခင်ဗျားတို့ မသိလောက်သေးတဲ့ အချက်ကတော့ ကျွန်တော်ဟာ တစ်နေ့လုံး အိပ်နိုင်တယ်ဆိုတာပါပဲ။ အားလပ်ရက်တွေမှာဆိုရင် ည (၆)နာရီ (၇)နာရီလောက်မှ ထတာပါ။

Jungkook


ကျွန်တော်က စိန်ခေါ်မှုအသစ်တွေ မကြောက်မရွံဘဲ လုပ်ရတာ အရမ်းနှစ်သက်တယ်လို့ ပရိသတ်တွေ သိထားမယ် ထင်ပါတယ်။ တကယ်က အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်ဟာ အသစ်တစ်ခုကို လုပ်ဖို့ အရမ်းစဉ်းစားတတ်သူပါ။

Jin


ကျွန်တော့်အကြောင်း ခင်ဗျားတို့ မသိနိုင်သေးတာ အဟောင်းတွေကို ကျွန်တော် ကြိုက်တယ်ဆိုတာပါပဲ။ ပစ္စည်းသစ်တွေ ထွက်ပြီဆိုရင် ကျွန်တော် ဝေးဝေးနေလေ့ရှိပြီး နည်းပညာသစ်တွေ ထွက်လာပြီဆိုရင် အခုသုံးနေတာတွေ ပါပါမလားဆိုပြီး စိတ်ပူတတ်ပါတယ်။

J-Hope


အခု ကပ်ဘေးနဲ့ ဒုက္ခတွေလည်း များတော့ ကျွန်တော့်အနေနဲ့ ဝိုင်တစ်လုံးကို တစ်ထိုင်တည်းနဲ့ သောက်နေနိုင်ပါပြီ။ ဝိုင်သောက်တာလောက်ကတော့ ကျွန်တော့်အတွက် အရမ်းကိုလွယ်နေပါပြီ။

Suga


ကျွန်တော် ငယ်ငယ်တုန်းက ဘတ်စကတ်ဘောသမား အရမ်းဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အရပ်က ရှည်မလာတဲ့အတွက် ကျွန်တော့် အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်တော် ဒုတိယနှစ်တုန်းက အလယ်တုန်းက အရပ်လောက်ပဲ ရှိပြီး မရှည်ခဲ့ပါဘူး။

V


ARMY တွေက ကျွန်တော် ကောင်းကောင်း မသောက်နိုင်ဘူးလို့ ထင်ကြပါလိမ့်မယ်။ အခု တိုးတက်လာပါပြီ။ သစ်သီးဆိုဂျူးကို ကျွန်တော် ကြိုက်ပါတယ်။ ဝိုင်ကိုလည်း နှစ်သက်ပါတယ်။

Ref: Billboard

 

-Zawgyi

■ BTS အေၾကာင္း ပရိသတ္ေတြ မသိေလာက္ေသးတဲ့ (၇)ခ်က္

— – – BTS အဖဲြ႕၀င္ေတြကုိယ္တုိင္က ဒီအခ်က္ေတြကုိ သူတုိ႔ရဲ႕ အမာခံပရိသတ္ေတြေတာင္ မသိေလာက္ေသးဘူးလုိ႔ ဖြင့္ဟထားတာပါ။

BTS အဖဲြ႕ဟာ Billboard နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ သူတုိ႔ရဲ႕ အမာခံပရိသတ္ေတြျဖစ္တ့ဲ ARMY ေတြ မသိေသးဘူးလုိ႔ ယူဆတဲ့ သူတုိ႔ရဲ႕အေၾကာင္းကုိ အခုလုိ ဖြင့္ဟခဲ့ပါတယ္။

RM
ကၽြန္ေတာ္က ေသးငယ္ၿပီး ခ်စ္စရာေကာင္းတဲ့ အရာေလးကုိ ခ်စ္ပါတယ္။ ဒါက ကၽြန္ေတာ့္နဲ႔ ဆန္႔က်င္ျဖစ္ေပမဲ့ ကၽြန္ေတာ္ အဲဒီအရာေလးေတြကုိ လူေတြထင္တာထက္ ပုိႀကိဳက္ပါတယ္။

Jimin
ကၽြန္ေတာ့္အေၾကာင္း ခင္ဗ်ားတုိ႔ မသိေလာက္ေသးတဲ့ အခ်က္ကေတာ့ ကၽြန္ေတာ္ဟာ တစ္ေန႔လုံး အိပ္ႏုိင္တယ္ဆုိတာပါပဲ။ အားလပ္ရက္ေတြမွာဆုိရင္ ည (၆)နာရီ (၇)နာရီေလာက္မွ ထတာပါ။

Jungkook
ကၽြန္ေတာ္က စိန္ေခၚမႈအသစ္ေတြ မေၾကာက္မရြံဘဲ လုပ္ရတာ အရမ္းႏွစ္သက္တယ္လုိ႔ ပရိသတ္ေတြ သိထားမယ္ ထင္ပါတယ္။ တကယ္က အဲဒီလုိမဟုတ္ပါဘူး။ ကၽြန္ေတာ္ဟာ အသစ္တစ္ခုကုိ လုပ္ဖုိ႔ အရမ္းစဥ္းစားတတ္သူပါ။

Jin
ကၽြန္ေတာ့္အေၾကာင္း ခင္ဗ်ားတုိ႔ မသိႏုိင္ေသးတာ အေဟာင္းေတြကုိ ကၽြန္ေတာ္ ႀကိဳက္တယ္ဆုိတာပါပဲ။ ပစၥည္းသစ္ေတြ ထြက္ၿပီဆုိရင္ ကၽြန္ေတာ္ ေ၀းေ၀းေနေလ့ရွိၿပီး နည္းပညာသစ္ေတြ ထြက္လာၿပီဆုိရင္ အခုသုံးေနတာေတြ ပါပါမလားဆုိၿပီး စိတ္ပူတတ္ပါတယ္။

J-Hope
အခု ကပ္ေဘးနဲ႔ ဒုကၡေတြလည္း မ်ားေတာ့ ကၽြန္ေတာ့္အေနနဲ႔ ၀ုိင္တစ္လုံးကို တစ္ထုိင္တည္းနဲ႔ ေသာက္ေနႏုိင္ပါၿပီ။ ၀ုိင္ေသာက္တာေလာက္ကေတာ့ ကၽြန္ေတာ့္အတြက္ အရမ္းကုိလြယ္ေနပါၿပီ။

Suga
ကၽြန္ေတာ္ ငယ္ငယ္တုန္းက ဘတ္စကတ္ေဘာသမား အရမ္းျဖစ္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ အရပ္က ရွည္မလာတဲ့အတြက္ ကၽြန္ေတာ့္ အရမ္း၀မ္းနည္းခဲ့ရပါတယ္။ ကၽြန္ေတာ္ ဒုတိယႏွစ္တုန္းက အလယ္တုန္းက အရပ္ေလာက္ပဲ ရွိၿပီး မရွည္ခဲ့ပါဘူး။

V
ARMY ေတြက ကၽြန္ေတာ္ ေကာင္းေကာင္း မေသာက္ႏုိင္ဘူးလုိ႔ ထင္ၾကပါလိမ့္မယ္။ အခု တုိးတက္လာပါၿပီ။ သစ္သီးဆုိဂ်ဴးကုိ ကၽြန္ေတာ္ ႀကိဳက္ပါတယ္။ ၀ုိင္ကုိလည္း ႏွစ္သက္ပါတယ္။

Ref: Billboard

You cannot copy content of this page