— BTS ဟာ MTV UK ရဲ့ 2021 ‘Hottest Summer Superstar’ အဖြစ် 3 နှစ်ဆက်တိုက်…
BTS အဖွဲ့ဟာ MTV UK ရဲ့2021 ‘Hottest Summer Superstar’ အဖြစ် 3 နှစ်ဆက်တိုက်မဲ ပေးရွေးချယ်ခံ ခဲ့ရတယ်လို့ သိရပါတယ်။
သြဂုတ်လ 29 ရက်နေ့က MTV UK ဟာ 2021 ‘Hottest Summer Superstar’ မဲပေး ရွေးချယ်မှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး BTS က 3 နှစ်ဆက်တိုက် မဲပေးရွေးချယ်ခံခဲ့ရတယ်လို့ ကြေညာခဲ့တာပါ။
BTS အဖွဲ့ဟာ မဲအရေအတွက် 19 သန်းကျော်နဲ့ အပြတ်အသတ် မဲပေးရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဒုတိယနေရာက Twenty One Pilots မှာ မဲအရေအတွက် 6 သိန်းကျော်သာရရှိခဲ့တာဖြစ်ပါတယ်။ BTS ဟာ Harry Styles ၊ Taylor Swift တို့ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်သလို 2021 ‘Hottest Summer Superstar’ Top 10 ကို ဖော်ပြပေးလိုက်ပါတယ်။
-m2t
Ref: Allkpop