Celebrity

■ Yuri ရဲ့ ကလေးဘဝတုန်းက နာမည်ပြောင်က ဘာလဲ

— Yuri ရဲ့ ကလေးဘဝတုန်းက နာမည်ပြောင်ကို သိရင် ခွီနေရမှာပါ…

Girls’ Generation အဖွဲ့ဝင် Yuri ဟာ သြဂုတ်လ 29 ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ SBS’ television show ‘My Little Old Boy’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီမှာ ကလေးဘဝတုန်းက ရခဲ့တဲ့ နာမည်ပြောင်၊ ဘာကြောင့်ရခဲ့သလဲဆိုတာကို ပြောပြခဲ့တာပါ။

ကျောင်းသူဘဝတုန်းက Yuri ရဲ့ နာမည်ပြောင်က ‘Mirror Princess’ ဖြစ်ပါတယ်။ အစီအစဉ်အတွင်းမှာ Host ဖြစ်သူ Seo Jang Hoon က Yuri ကို “ ကလေးဘဝတုန်းက မင်းမှာ ‘Mirror Princess’ ဆိုပြီး နာမည်ပြောင်ရှိ တယ်လို့ ငါကြားတယ်။ ဘယ်လောက်တောင်မှန်ကြည့်လို့ မင်းကို အဲဒီနာမည်ပြောင်ပေးခဲ့ကြတာ” လဲဆိုပြီး မေး ခဲ့တာဖြစ်ပါတယ်။

Yuri က ရယ်မောပြီး “ ကလေးဘဝတုန်းက ကျွန်မဟာ မှန်ကို မကြာခဏကြည့်ခဲ့လို့ဖြစ်ပါတယ်။ ဘာကြောင့် ကြည့်ခဲ့တာလည်းဆိုတော့ ကျွန်မ ဆံပင်ကြောင့်ဖြစ်ပါတယ်။ ကျွန်မ အခြေခံကျောင်းတတ်တဲ့အချိန်မှာ ကျွန်မ ရဲ့ မိဘတွေဟာ ကျွန်မကို ကျစ်ဆံမြီး နှစ်ခွအမြဲတမ်းလုပ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ လှုပ်ရှားလိုက်တုန်း က ကျစ်ဆံမြီးတွေက မညီဘဲ တစ်ခုက အပေါ်တက် တစ်ခုက အောက်ရောက်နေသလို အမြဲတမ်းဖြစ်ခဲ့ပါ တယ်။ အဲဒီ ဆံပင်တွေကို ညီအောင် ပြန်လုပ်နေတာကြောင့် ကျွန်မဟာ မကြာခဏ မှန်ကို ကြည့်ခဲ့တာဖြစ်ပါ တယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

Yuri ရဲ့ အဖြေကို ကြားပြီးတဲ့နောက်မှာ Seo Jang Hoon က “ ဒီတစ်ခုတည်းအတွက် မဟုတ်လောက်ပါဘူး။ မှန်အမြဲတမ်းကြည့်တာ ကိုယ့်ကိုယ်ကို လှတယ်ဆိုပြီးတော့မှတ်လား” လို့ အရွှန်းဖောက်ခဲ့ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page