– – -ဒီသီချင်းက ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး…
စက်တင်ဘာ (၁) ရက်နေ့၊ ကိုရီးယားစံတော်ချိန် နံနက် (၁၁) နာရီ (၄) မိနစ်မှာ BTS ရဲ့ Not Today MV ဟာ Youtube Views သန်း (၅၀၀) ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီသီချင်းဟာ BTS ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ You Never Walk Alone ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
ဒါ့အပြင် Not Today ဟာ Youtube မှာ Views သန်း (၅၀၀) ကျော်တဲ့ BTS ရဲ့ (၁၂) ခုမြောက် MV အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါကြောင့် BTS အဖွဲ့ရဲ့ အောင်မြင်မှုတွေကတော့ တကယ့်ကို အံ့မခန်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
-Ref: Koreaboo