K pop

■alcohol-freeလား၊ alcohol-lover လားလို့ အမေးခံရတဲ့အခါ Nayeon ရဲ့ အဖြေက..

– — TWICE အဖွဲ့ဝင်တွေရဲ့ အသောက်စကေးနဲ့ပတ်သက်ပြီး Nayeon က …

TWICE အဖွဲ့ဝင် Nayeon အနေနဲ့ တလောတုန်းက Elle Korea နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Nayeon က သူ့ဘဝဇာတ်ကြောင်းတချို့၊ TWICE အဖွဲ့အကြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် အမေးအဖြေတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီအင်တာဗျူးမှာ Nayeon သူမတို့ရဲ့ အသောက်စကေးနဲ့ ပတ်သက်ပြီးလည်း တစ်စွန်းတစ်စ ဖွင့်ဟခဲ့ပါတယ်။ “လက်တွေ့ဘဝမှာ alcohol-freeလား၊ alcohol-lover လား”လို့ Nayeon က အမေးခံခဲ့ရပါတယ်။

“ကျွန်မက alcohol-freeဘက်ပိုရောက်ပါတယ်။ ပြောရရင် ကျွန်မက မသောက်နိုင်တာမျိုး မဟုတ်ပေမဲ့ ခဏခဏတော့သောက်လေ့ မရှိပါဘူး”လို့ Nayeon က ဆိုခဲ့တာပါ။

ဆက်လက်ပြီး Nayeon က ဒီရက်ပိုင်း သူမတု့ိ TWICE အဖွဲ့ဝင်တွေအနနဲ့ ဝိုင်ကို ဓာတ်ကျနေပြီး ထမင်းစားရင်း ဝိုင်တစ်ခွက်လောက်တော့ သောက်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page