Celebrity

■ Girls’ Generation Yuri နှစ်သက်တဲ့ သူ့မျက်နှာအစိတ်အပိုင်းက ဘာလဲ

— Girls’ Generation အဖွဲ့ဝင် Yuri က သူမရဲ့ ဒီမျက်နှာအစိတ်အပိုင်းဟာ…

Girls’ Generation အဖွဲ့ဝင် Yuri ဟာ စက်တင်ဘာလ 1 ရက်နေ့က ‘Cultwo Show’, DJ Kim Tae Kyun မှာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး အဲဒီမှာ သူမရဲ့ အလှတရားကို နောက်ဆုံးတော့ လူတွေ သတိ ထားမိပြီလို့ ပြောခဲ့ပါတယ်။

အစီအစဉ်အတွင်းမှာ DJ Kim Tae Kyun က Yuri ကို အခုလိုပြောခဲ့ပါတယ်။ “ YoonA ဟာ Girls’ Generation အဖွဲ့ဝင်တွေထဲမှာ Yuri က အလှဆုံးလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ နောက်ပြီး Yuri ရဲ့ အနားမှာရှိတဲ့သူတွေအားလုံးကလည်း Yuri ကိုသာ လှတယ်လို့သာ မှတ်ချက်ပေးကြပါတယ်” ဆိုပြီး ပြောခဲ့တာပါ။

Yuri က “ နောက်ဆုံးတော့ လူတွေဟာ ကျွန်မရဲ့ အလှတရားကို သတိထားမိပြီထင်ပါတယ်။ ကျွန်မရဲ့ အဖွဲ့ဝင်တွေအားလုံးဟာ အလုပ်ကြိုးစားကြပြီး အလုပ်ရှုပ်နေတဲ့သူတွေပါပဲ။ ကျွန်မလည်း အခု ပရိုမိုး ရှင်းလုပ်နေရတာနဲ့ အလုပ်တွေရှုပ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

“ မင်းရဲ့ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းက ဘာဖြစ်မလဲ” ဆိုတဲ့ မေးခွန်းအမေးခံရတဲ့အခါမှာတော့ Yuri က ခေါင်းရှိတ်ပုံစံနဲ့ လည်တိုင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page