—- နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Lee Jong Suk နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ဟာ ဒရာမာအသစ်ကို ရိုက်ကူးဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Lee Jong Suk နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ဟာ tvN က ထုတ်လွှင့်မယ့် ဒရာမာသစ် ‘Big Mouse’ ကို ရိုက်ကူးဖို့ အတည်ပြုခဲ့တာဖြစ်ပြီး သူတို့ဟာ ဒရာမာထဲမှာ လင်မယားတွေအဖြစ် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။
‘Big Mouse’ ဒရာမာဟာ တတိယအဆင့်ရှေ့နေတစ်ဦးရဲ့ မမျှော်လင့်သော လူသတ်မှုတစ်ခုမှာပါဝင် ပြီး “ Big Mouse” အမည်ရှိ ပါရမီရှင်အနုပညာတစ်ဦးဖြစ်ခဲ့ပုံကို ပြောပြတဲ့ ပုံပြင်ဖြစ်ပါတယ်။ အဆိုပါ ရှေ့နေဟာ မိသားစုကို ကာကွယ်ဖို့ကြိုးစားရင်း အခွင့်ထူးခံလူတန်းကြားက ပူးပေါင်းကြံစည်မှုကို ဖော် ထုတ်မယ့် ဒရာမာလည်းဖြစ်ပါတယ်။
Lee Jong Suk ဧာ တတိယအဆင့်ရှေ့နေတစ်ဦးဖြစ်တဲ့ Park Chang Ho ကာရိုက်တာမှာ သရုပ် ဆောင်မှာဖြစ်ပြီး YoonA ကတော့ Park Chang Ho ရဲ့ ဇနီး လှပသော နပ်စ်မ တစ်ဦးဖြစ်တဲ့ Ko Mi Ho ရဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်မှာပါ။ YoonA ဟာ ခင်ပွန်းဖြစ်သူကို အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ် လာအောင် ယုံကြည်ပြီး ထောက်ပံ့ပေးတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။ ‘Big Mouse’ ဒရာမာကိုတော့ 2022 ခုနှစ်မှာ ပြသမှာဖြစ်ပါတယ်။
-m2t
Ref: Allkpop