K pop

■ Solo Debut မတိုင်ခင် ပရိသတ်တွေနဲ့ တွေ့ဆုံသွားဦးမဲ့ Lisa

– – -Lisa အနေဲ့ Solo Debut မတိုင်ခင် နာရီပိုင်းအလိုမှာ နိုင်ငံတကာက ပရိသတ်တွေနဲ့…

BLACKPINK အဖွဲ့ဝင် Lisa အနေနဲ့ သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် မတိုင်ခင်မှာ နိုင်ငံတကာ ပရိသတ်တွေနဲ့ တွေ့ဆုံမှု ပြုလုပ်သွားမှာပါ။

YG Entertainment ရဲ့ အဆိုအရ Lisa အနေနဲ့ စက်တင်ဘာ (၁၀) ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လည် (၁၂) နာရီခန့်မှာ Naver V Live မှာ ပရိသတ်တွေနဲ့အတူ countdown ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီမှာ Lisa က ပါဝင်မဲ့ သီချင်းတွေအကြောင်း မိတ်ဆက်တာတွေ၊ MV နောက်ကွယ်က အမှတ်တရတွေ စသဖြင့် ဖွင့်ဟသွားမှာဖြစ်ပြီး ပရိသတ်တွေ မေးမြန်းတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားပေးသွားမှာပါ။

Lisa ရဲ့ LALISA Album ကိုတော့ စက်တင်ဘာ (၁၀) ရက်နေ့၊ ကိုရီးယားစံတော်ချိန်နေ့လည် (၁) နာရီမှာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page