Celebrity

■ သမိုင်းဝင်ဒရာမာတွေ မရိုက်ကူးတဲ့ Lee Jong Suk ရဲ့ အကြောင်းပြချက်

— ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Lee Jong Suk ဟာ လက်ရှိအချိန်မှာ စစ်မှုတာဝန်ထမ်းဆောင်လို့ပြီးပြီ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေပြီဖြစ်ပါတယ်။ Lee Jong Suk ဟာ 2010 ခုနှစ်ကစတင်ပြီး မင်းသားအဖြစ် Debut လုပ်ခဲ့ သူဖြစ်ပါတယ်။

သူဟာ စစ်မှုတာဝန်မထမ်းဆောင်ခင်အထိ ပရိသတ်တွေ ရင်ထဲစွဲကျန်စေတဲ့ ဒရာမာတွေ၊ ရုပ်ရှင် ကားကောင်းတွေကို ရိုက်ကူးခဲ့ပြီး သူ့ရဲ့ အနုပညာအရည်အချင်းကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ သတိထားမိမလားတော့မသိဘူး။ သူ့ရဲ့ကျော်ကြားတဲ့ ဒရာမာတွေဟာ ကိုရီးယားသမိုင်း ဝင် ဒရာမာတွေမဟုတ်ပါဘူး။ တကယ်တော့ Lee Jong Suk ဟာ သမိုင်းဝင်ဒရာမာ၊ ရုပ်ရှင်တွေကို ရှောင်ရှားလေ့ရှိသူဖြစ်ပါတယ်။

ဘာကြောင့်ရှောင်ရှားတယ်ဆိုတဲ့အကြောင်းပြချက်ကို Lee Jong Suk က tvN’s ‘Three Meals a Day: Fishing Village 4’ အစီအစဉ်တစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။

Lee Jong Suk က “ ကျွန်တော် “The Face Reader,” လို့ခေါ်တဲ့ သမိုင်းရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ဖူး ပါတယ်။ ကျွန်တော် ရုပ်ရှင်ရိုက်ကူးတဲ့အခန်းတိုင်းမှာ ကျွန်တော့်ရဲ့ အသံကြောင့် ပျက်စီးသွားသလို ခံ စားရပါတယ်။ ကျွန်တော့်ရဲ့အသံကြောင့် အခြားလက်တွဲဖော် သရုပ်ဆောင်တွေကို သွားထိခိုက်စေ ပါတယ်။ သမိုင်းရုပ်ရှင်ရိုက်တိုင်း အပြစ်ရှိသလို ကျွန်တော်ခံစားခဲ့ရပါတယ်။ ဒါကြောင့် အဲဒီရုပ်ရှင် နောက်ပိုင်းကတည်းက ကျွန်တော် သမိုင်းဝင်ရုပ်ရှင်တွေကို ရှောင်တော့တာပါပဲ။ ဒါပေမဲ့ ကျွန်တော် သရုပ်ဆောင်ဖို့ ကြိုးစားချင်စိတ်တော့ရှိပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

Lee Jong Suk ဟာ သူ့ရဲ့ အသံ Tone ဟာ သမိုင်းဝင်ရုပ်ရှင်၊ ဒရာမာတွေကို ရိုက်ကူးဖို့ မစီလျော်ဖူး လို့ ခံစားခဲ့ရပြီး ဒါကြောင့် မရိုက်ကူးတာဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page