K pop

■ အနာဂတ်မှာ ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ပုံစံမျိုးပြောပြခဲ့တဲ့ Humble King

—- မှန်ရှေ့မှာရပ်…ကိုယ့်ကိုယ်ပြန်မေး “ ငါဘာဖြစ်ချင်တာလဲ” ဆိုတာမျိုးပါ…ခင်ဗျားတို့အနေနဲ့ အဲလို မျိုးတွေ မေးဖူးလား…

ဒီမေးခွန်းရဲ့အဖြေကို BTS အဖွဲ့ရဲ့ အငယ်လေး Jungkook က Weverse Magazine နဲ့အင်တာဗျူး မှာဖြေခဲ့ပါတယ်။ ARMY တွေရဲ့မျက်လုံးထဲမှာ Jungkook ဟာ အလွန်ပြီးပြည့်စုံနေတဲ့ Idol တစ်ဦးဖြစ် လို့နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အနုပညာအပေါ် ဆာလောင်မှုကတော့ မရပ်တန့််သေးပါဘူး။

အင်တာဗျူးသူ Myungseok Kang က Jungkook ကို “ မင်းအနေနဲ့ တဖြည်းဖြည်းတိုးတက်အောင် ကြိုးစားနေရင်းနဲ့ ဘယ်လိုပုဂ္ဂိုလ်ပုံစံမျိုးဖြစ်ချင်သလဲ” လို့ မေးခဲ့ပါတယ်။

Jungkook က “ နယ်ပယ်တစ်ခုမှာ ရူးသွပ်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်မျိုးဖြစ် ချင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ကွဲပြားခြားနားတဲ့ တစ်စုံတစ်ခုကို ပြုလုပ်တဲ့အခါမှာ အရမ်းမိုက်ပါ တယ်။ ဒီလမ်းကြောင်းကို သွားဖို့ ကျွန်တော် အဝေးကြီးကျန်ပါသေးတယ်။ အကုန်လုံးကို တိုးတက် အောင်ကြိုးစားပြီး ပိုမိုအားထုတ်ရမယ်လို့လည်း ကျွန်တော် ခံစားရပါတယ်။ အဆို၊ အက၊ ဖျော်ဖြေမှု တွေကို ယုံကြည်မှုရှိရှိနဲ့ ပိုကြိုးစားရပါမယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ Jungkook က သူ့မှာ အဲဒီလို ပုဂ္ဂိုလ်ရေးအရ ရည်မှန်းချက်ကြီးမားပေမယ့် BTS ကတော့ နံပါတ် (1)ပါလို့ ထပ်ပြောခဲ့ပါတယ်။

“ BTS အဖွဲ့ဆိုတာ အလွန်အဓိပ္ပါယ်ရှိပြီး ကျွန်တော်ထက်ကို ပိုမိုအရေးကြီးတဲ့ အရာပါ။ ဒါကြောင့် ကျွန်တော်တစ်ယောက်လုပ်မယ်ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှမရှိပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ ပြည့်နေတဲ့ ကွင်းထဲမှာ တစ်ယောက်တည်း (၃)နာရီ၊ (၄)နာရီလောက် ဖျော်ဖြေချင်တဲ့ မျှော်လင့်ချက် ရှိပါတယ်”

-Jungkook

-m2t
Ref: Koreaboo

You cannot copy content of this page