— – – ဆံပင်ဖြူနေပေမဲ့ DNA ကို ကသွားတာတော့ လက်ဖျားခါလောက်တယ်။ ဗီဒီယိုဖိုင်ပါ ထည့်ထား …
ဂီတဟာ ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်သလို၊ ဂီတမှာ အသက်ကန့်သတ်ချက်လည်း မရှိပါဘူး။ K-Pop က သီချင်းတွေကြောင့်ရော အရမ်းလန်းတဲ့ ကကွက်တွေကြောင့်ပါ ကမ္ဘာတစ်ဝန်းမှာ နေရာရလာတာပါ။
ဂျပန်က ကုမ္ပဏီတစ်ခုရဲ့ အသက် (၅၃)နှစ်အရွယ် CEO တစ်ယောက်ကတော့ ခက်ခဲလွန်းပါတယ်ဆိုတဲ့ BTS ရဲ့ DNA choreography ကို ကြည့်ရှုသူတွေ မှင်သက်လောက်အောင်ကို ကပြသွားပါတယ်။
Hiroshi Okamoto လို့အမည်ရတဲ့ အသက် (၅၃)နှစ်အရွယ် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်သူဟာ သူ့ကုမ္ပဏီက လူငယ်ဝန်ထမ်းတွေနဲ့အတူ ကုမ္ပဏီတွင်း ပြုလုပ်ပုံရတဲ့ အကပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲှခဲ့တာပါ။
သူဟာ အသက်အရွယ်နဲ့မလိုက်အောင် DNA choreography ကို အလန်းစားကပြသွားရာမှာ အားလုံး အံ့သြခဲ့ရပြီး အကပြိုင်ပွဲမှာ အနိုင်ရခဲ့သလို၊ အဲဒီဗီဒီယိုဟာ Viral ဖြစ်နေပြီး အထူးသဖြင့် BTS ပရိသတ်တွေအကြား တော်တော်လေးရေပန်းစားနေပါတယ်။
Hiroshi Okamoto နဲ့ သူ့အသင်းရဲ့ BTS အဖွဲ့သီချင်း DNA choreography ကို ဘယ်လိုကပြထားတယ်ဆိုတာကို အောက်ကဗီဒီယိုမှာ ခံစားလိုက်ပါ။
Ref: Koreaboo
-Zawgyi
■ BTS ရဲ႕ DNA ကုိ အလန္းစားကျပၿပီး ဆုယူသြားတဲ့ အသက္ (၅၃)ႏွစ္အရြယ္ CEO တစ္ဦး
— – – ဆံပင္ျဖဴေနေပမဲ့ DNA ကုိ ကသြားတာေတာ့ လက္ဖ်ားခါေလာက္တယ္။ ဗီဒီယုိဖုိင္ပါ ထည့္ထား …
ဂီတဟာ ဘာသာစကားအခက္အခဲကုိ ေက်ာ္လႊားႏုိင္သလုိ၊ ဂီတမွာ အသက္ကန္႔သတ္ခ်က္လည္း မရွိပါဘူး။ K-Pop က သီခ်င္းေတြေၾကာင့္ေရာ အရမ္းလန္းတဲ့ ကကြက္ေတြေၾကာင့္ပါ ကမၻာတစ္၀န္းမွာ ေနရာရလာတာပါ။
ဂ်ပန္က ကုမၸဏီတစ္ခုရဲ႕ အသက္ (၅၃)ႏွစ္အရြယ္ CEO တစ္ေယာက္ကေတာ့ ခက္ခဲလြန္းပါတယ္ဆုိတဲ့ BTS ရဲ႕ DNA choreography ကုိ ၾကည့္႐ႈသူေတြ မွင္သက္ေလာက္ေအာင္ကုိ ကျပသြားပါတယ္။
Hiroshi Okamoto လုိ႔အမည္ရတဲ့ အသက္ (၅၃)ႏွစ္အရြယ္ ဂ်ပန္ကုမၸဏီတစ္ခုရဲ႕ CEO ျဖစ္သူဟာ သူ႕ကုမၸဏီက လူငယ္၀န္ထမ္းေတြနဲ႔အတူ ကုမၸဏီတြင္း ျပဳလုပ္ပုံရတဲ့ အကၿပိဳင္ပဲြမွာ ၀င္ေရာက္ဆင္ႏဲႊခဲ့တာပါ။
သူဟာ အသက္အရြယ္နဲ႔မလုိက္ေအာင္ DNA choreography ကုိ အလန္းစားကျပသြားရာမွာ အားလုံး အံ့ၾသခဲ့ရၿပီး အကၿပိဳင္ပဲြမွာ အႏုိင္ရခဲ့သလုိ၊ အဲဒီဗီဒီယုိဟာ Viral ျဖစ္ေနၿပီး အထူးသျဖင့္ BTS ပရိသတ္ေတြအၾကား ေတာ္ေတာ္ေလးေရပန္းစားေနပါတယ္။
Hiroshi Okamoto နဲ႔ သူ႕အသင္းရဲ႕ BTS အဖဲြ႕သီခ်င္း DNA choreography ကုိ ဘယ္လုိကျပထားတယ္ဆုိတာကုိ ေအာက္ကဗီဒီယုိမွာ ခံစားလုိက္ပါ။
Ref: Koreaboo