K pop
■ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဗေဒင်ဆရာမရဲ့ သတိပေးတာကို Heechul ခံလိုက်ရ
-UNICODE
– – -လက်ထပ်တာနဲ့ ပတ်သက်ပြီး Heechul သတိပေးခံလိုက်ရတဲ့အရာကတော့…..
တလောက You Tube ပေါ်မှာ ထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ Knowing Bros အစီအစဉ်မှာတော့ Min Kyung Hoo နဲ့ Heechul တို့က Rapper နာမည်တွေကို ရရှိဖို့အတွက် နာမည်ပေးဆရာမတစ်ယောက်ထံ သွားရောက်ခဲ့ပါတယ်။
နာမည်ပေးဆရာမရဲ့ အမည်က Park Dae Hee လို့ အမည်ရပြီး လူတစ်ယောက်ရဲ့ နာမည်ဟာ သူတို့ရဲ့ ကံကြမ္မာပဲလို့ ဆိုခဲ့ပါတယ်။ “နာမည်တစ်ခုက မင်းလွတ်နေတဲ့အရာရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ကံကြမ္မာပါပဲ”လို့ ဆရာမ Park Dae Hee က ဖွင့်ဟခဲ့တာပါ။
အဲဒီနောက် Park Dae Hee က Heechul ရဲ့ ဇာတာခွင်နဲ့ ပတ်သက်ပြီးလည်း ဟောကြားပေးခဲ့ပါတယ်။ Heechul ဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူဖြစ်ပြီး အခက်အခဲတွေကိုလည်း ကောင်းကောင်း ကျော်ဖြတ်နိုင်သူဖြစ်တယ်လို့ Park Dae Hee က ဟောခဲ့ပါတယ်။
ဆက်လက်ပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးလည်း ဆရာမက Heechul အတွက် အရေးပါတဲ့အရာကို ဟောခဲ့ပါသေးတယ်။ ဒါကတော့ Heechul ဟာ အသက် (၄၅) နှစ်လောက်မှ လက်ထပ်ရလိမ့်မယ်လို့ ဆရာမက ဆိုခဲ့တာပါ။
Heechul ဟာ လက်ရှိမှာ အသက် (၃၈) နှစ်အရွယ်ရှိတာကြောင့် (၄၅) နှစ်ဆိုရင် နောက် (၇) နှစ်လောက်မှ အိမ်ထောင်ပြုရမဲ့ သဘောပါပဲ။
Heechul နဲ့ TWICE အဖွဲ့ဝင် Momo တို့ တွဲနေပြီဆိုတဲ့အကြောင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာ အတည်ပြုထားခဲ့လို့ ဒီဗီဒီယိုဖိုင်ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလျက် ရှိနေပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page