K pop

■ ဖုန်း Contact မှတ်တာ ဆရာကျလွန်းတဲ့ Heechul

— – – အပေါင်းအသင်းများပြီး နာမည်တူတွေများနေတာကြောင့် Heechul အနေနဲ့ ဒီနည်းလမ်းကို သုံးတာဖြစ်ပြီး ဉာဏ်ကောင်းလွန်းတယ်လို့ …

Super Junior အဖွဲ့ဝင် Heechul ဟာ K အနုပညာလောကက လူတိုင်းနဲ့ ရင်းနှီးသူပါ။ သူ့ရဲ့ Personality ကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုသာမက Cele တွေရဲ့ ရင်းနှီးမှုကို သိမ်းပိုက်ထားသူ Heechul အနေနဲ့ ကိုရီးယားမှာ နာမည်တူတွေများတာကြောင့် ဖုန်း Contact မှတ်တဲ့အခါ မမှားရအောင် ဒီလိုလုပ်ပါသတဲ့။

Sunmi


Sunmi ကို ဖုန်း Contact မှာ Heechul မှတ်ထားတာက Gashina Sunmi ပါတဲ့။ Gashina ဟာ ၂၀၁၇ ထုတ်တဲ့ Sunmi ရဲ့ အပေါက်ဆုံးသီချင်းဖြစ်ပြီး အဲဒီသီချင်းနဲ့တွဲပြီး မှတ်ထားတာပါ။

Song Ji Hyo


Song Ji Hyo ကိုတော့ Heechul ခပ်ရှင်းရှင်းပဲ Running Man Song Ji Hyo လို့ မှတ်ထားပါတယ်။

 

Shin Hyun Joon


မင်းသား Shin Hyun Joon မှာ အလွန်ကျော်ကြားတဲ့ နာမည်ပြောင်တစ်ခုရှိပါတယ်။ Barefoot Shin Hyun Joon ပါတဲ့။ ဘာကြောင့်ဆိုတော့ ၂၀၀၆ ထုတ် သူ့ရဲ့ Barefoot Ki Bong ဇာတ်ကား အရမ်းပေါက်ခဲ့လို့ပါ။

Kim Jun Hyun


ဟာသသရုပ်ဆောင် Kim Jun Hyun ဟာ Really ဆိုတဲ့ စကားကို ပြောလေ့ရှိတာကြောင့် Heechul က သူ့ကို Really? Kim Jun Hyun လို့ မှတ်ထားပါသတဲ့။

 

Kim Soo Hyun


Kim Soo Hyun က Heechul ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက တစ်ဦးဖြစ်ပြီး သူ့ကို Heechul က Kim Soo Hyun From The Star လို့ မှတ်ထားပါတယ်။ Kim Soo Hyun ရဲ့ Man From The Star ဇာတ်လမ်းတွဲ အရမ်းပေါက်ခဲ့တာကြောင့် တွဲမှတ်ထားတဲ့ သဘောပါ။

Ref: YouTube

You cannot copy content of this page