— – – ခဏတာမြင်တွေ့ခဲ့ရပေမဲ့ Sehun ရဲ့ အလန်းစားကားမော်ဒယ်ကို ပရိသတ်တွေ …
Instagram မှာ သူ့ရဲ့အချစ်တော်လေး Vivi နဲ့ လမ်းလျှောက်ထွက်တာကို တင်ခဲ့တဲ့ EXO အဖွဲ့ရဲ့ အငယ်ဆုံးလေး Sehun ရဲ့ ဗီဒီယိုဟာ ရေပန်းစားနေပြီး Twitter မှာ Trend ဖြစ်တဲ့ထိအောင် ပေါက်ရောက်နေတာပါ။
Vivi နဲ့ လမ်းလျှောက်နဲ့အတူ လမ်းလျှောက်လို့အပြီးမှာတော့ Sehun ဟာ သူ့ရဲ့ကားပေါ်ကို တက်ဖို့လုပ်ခဲ့တာ ဖြစ်ပြီး အလန်းစားအနီရောင်ကားက ပရိသတ်တွေ မျက်စီကျစရာဖြစ်ခဲ့ပါတယ်။
ဒါကြောင့် EXO-L တွေက Sehun ရဲ့ Instagram မှာ မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ကားမော်ဒယ်ကို ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ တွေ့သွားခဲ့ပါတယ်။ Sehun စီးခဲ့တဲ့ကားက Ferrari F8 ဖြစ်ပြီး ဈေး ကန်ဒေါ်လာ (274,000) ဝန်းကျင်ရှိပါတယ်။
အဲဒီ Ferrari F8 ကားက Sehun နဲ့ အလွန်လိုက်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို Limited Edition ကားတွေကို စီးနိုင်တဲ့ Sehun ကို သူဌေးလေးလို့ ခေါ်ရတော့မယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
Ref: Koreaboo
-Zawgyi
■ Sports Car မော်ဒယ်ကြောင့် Oh Sehun ကို သူဌေးလေးလို့ ခေါ်ရတော့မယ်
Ref: Koreaboo