— – – ပထမတစ်ခေါက်တုန်းက အငြင်းပွားစရာဖြစ်ခဲ့တဲ့ Mina ဟာ သိပ်မကြာခင်မှာပဲ အချစ်သစ် …
AOA အဖွဲ့ဝင်ဟောင်း Mina ဟာ ရည်စားသစ်ဖြစ်သူနဲ့ ဒိတ်လုပ်နေတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram ဝေမျှပြီး နာရီပိုင်းအကြာမှာ ပြန်ဖျက်ခဲ့ပါတယ်။
စက်တင်ဘာ (၃)ရက်က Mina ဟာ သူမရဲ့ရည်စားသစ်ဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံဓာတ်ပုံနဲ့အတူ “ကျွန်မတို့ တွဲနေတာ သိပ်မကြာသေးပါဘူး”လို့ ရေးသားခဲ့ပါတယ်။
ဆက်ပြီးတော့ Mina က “မိသားစုနဲ့ပတ်သက်လာရင် ကျွန်မမှာ အားနည်းချက်တွေ ရှိပါတယ်။ ကျွန်မဟာ ငယ်ငယ်တုန်းက ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာကြောင့် မိသားစုအခြေအနေမကောင်းတဲ့ သူတွေ ချဉ်းကပ်လာရင် ငြင်းပယ်နိုင်စွမ်း မရှိပါဘူး။ အခု ကျွန်မ အဲဒီလိုလူတစ်ယောက်ကို တွေ့ထားပြီး သူ့ကို ကာကွယ်ပေးချင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Mina ဟာ သိပ်မကြာသေးခင်ကလည်း ကောင်လေးတစ်ယောက်နဲ့ သူမရဲ့ဓာတ်ပုံကို တင်ခဲ့ပြီး သူတို့တွဲနေကြောင်း အတည်ပြုခဲ့ပေမဲ့ အဲဒီကောင်လေးရဲ့ ရည်စားဟောင်းတွေ ပေါ်လာလို့ နောက်ပိုင်းမှာ လမ်းခွဲခဲ့ရပါတယ်။
အဲဒီဖြစ်ရပ် ဖြစ်ပေါ်ပြီး သိပ်မကြာခင်မှာပဲ အခုလို ရည်းစားသစ်ကို ချပြခဲ့တာကြောင့် ပရိသတ်အချို့ စိုးရိမ်နေကြပေမဲ့ Mina ကတော့ သူမရဲ့ လွတ်လပ်ခွင့်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲဒီပို့စ်ကို IG က ဖျက်ချခဲ့တာကြောင့် ပရိသတ်တွေကတော့ သူမရဲ့အပြုအမူကို သံသယဝင်နေကြပါတယ်။
Ref: AKP
-Zawgyi
■ ရည္စားသစ္နဲ႔ဓာတ္ပုံကုိ IG မွာတင္ၿပီး နာရီပုိင္းအၾကာမွာ ပုိ႔စ္ျပန္ဖ်က္ခဲ့တဲ့ Mina
— – – ပထမတစ္ေခါက္တုန္းက အျငင္းပြားစရာျဖစ္ခဲ့တဲ့ Mina ဟာ သိပ္မၾကာခင္မွာပဲ အခ်စ္သစ္ …
AOA အဖဲြ႕၀င္ေဟာင္း Mina ဟာ ရည္စားသစ္ျဖစ္သူနဲ႔ ဒိတ္လုပ္ေနတဲ့ ဓာတ္ပုံတစ္ပုံကုိ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Instagram ေ၀မွ်ၿပီး နာရီပုိင္းအၾကာမွာ ျပန္ဖ်က္ခဲ့ပါတယ္။
စက္တင္ဘာ (၃)ရက္က Mina ဟာ သူမရဲ႕ရည္စားသစ္ျဖစ္သူနဲ႔အတူ ႐ုိက္ကူးထားတဲ့ ဓာတ္ပုံဓာတ္ပုံနဲ႔အတူ “ကၽြန္မတုိ႔ တဲြေနတာ သိပ္မၾကာေသးပါဘူး”လုိ႔ ေရးသားခဲ့ပါတယ္။
ဆက္ၿပီးေတာ့ Mina က “မိသားစုနဲ႔ပတ္သက္လာရင္ ကၽြန္မမွာ အားနည္းခ်က္ေတြ ရွိပါတယ္။ ကၽြန္မဟာ ငယ္ငယ္တုန္းက ခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရတာေၾကာင့္ မိသားစုအေျခအေနမေကာင္းတဲ့ သူေတြ ခ်ဥ္းကပ္လာရင္ ျငင္းပယ္ႏုိင္စြမ္း မရွိပါဘူး။ အခု ကၽြန္မ အဲဒီလုိလူတစ္ေယာက္ကုိ ေတြ႕ထားၿပီး သူ႕ကုိ ကာကြယ္ေပးခ်င္ပါတယ္” လုိ႔ ေရးသားခဲ့ပါတယ္။
Mina ဟာ သိပ္မၾကာေသးခင္ကလည္း ေကာင္ေလးတစ္ေယာက္နဲ႔ သူမရဲ႕ဓာတ္ပုံကုိ တင္ခဲ့ၿပီး သူတုိ႔တဲြေနေၾကာင္း အတည္ျပဳခဲ့ေပမဲ့ အဲဒီေကာင္ေလးရဲ႕ ရည္စားေဟာင္းေတြ ေပၚလာလုိ႔ ေနာက္ပုိင္းမွာ လမ္းခဲြခဲ့ရပါတယ္။
အဲဒီျဖစ္ရပ္ ျဖစ္ေပၚၿပီး သိပ္မၾကာခင္မွာပဲ အခုလုိ ရည္းစားသစ္ကုိ ခ်ျပခဲ့တာေၾကာင့္ ပရိသတ္အခ်ဳိ႕ စုိးရိမ္ေနၾကေပမဲ့ Mina ကေတာ့ သူမရဲ႕ လြတ္လပ္ခြင့္သာျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ သိပ္မၾကာခင္မွာပဲ အဲဒီပုိ႔စ္ကုိ IG က ဖ်က္ခ်ခဲ့တာေၾကာင့္ ပရိသတ္ေတြကေတာ့ သူမရဲ႕အျပဳအမူကုိ သံသယ၀င္ေနၾကပါတယ္။
Ref: AKP