K pop

■ K-Pop Stylist ရွေးချယ်ခဲ့တဲ့ Suit နဲ့ အလိုက်ဖက်ဆုံး အမျိုးသား Idol (၃) ဦး

– – Idol အဖွဲ့တော်တော်များများနဲ အလုပ်တွဲလုပ်ဖူးတဲ့ K-pop Stylist ရွေးချယ်ခဲ့တဲ့ Suit နဲ့ အလိုက်ဖက်ဆုံး Idol တွေက စိတ်ဝင်စားစရာပါ။

ပရော်ဖက်ရှင်နယ် K-pop Stylist တွေဖြစ်တဲ့ Kang Minsu နဲ့ Kim Nayeon တို့ဟာ AYO နဲ့ တွေ့ဆုံရာမှာတော့ K-pop နယ်ပယ်အကြောင်းတွေကို ဖောက်သည်ချသွားခဲ့ပါတယ်။

သူမတို့အထဲက Kim Nayeon ကတော့ အရင်တုန်းက AB6IX, KNK, IZ တို့နဲ့ တွဲအလုပ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ VIXX, E’LAST တို့နဲ့ လက်တွဲလျက် ရှိနေပါတယ်။ သူမဟာ K-pop နယ်ပယ်မှာ လုပ်သက် (၁၃) နှစ်ရှိသူဖြစ်ပြီး သူမနဲ့ လက်တွဲခဲ့သူတွေထဲက Suit နဲ့ အလိုက်ဖက်ဆုံး အမျိုးသား Idol (၃) ဦးကို ရွေးချယ်သွားခဲ့ပါတယ်။

Leo (VIXX)

 

Nayeon ဟာ ပထမဆုံး VIXX အဖွဲ့ဝင် Leo ကို ရွေးချယ်သွားခဲ့ပါတယ်။ Leo ဟာ သူ့ရဲ့ခြေတံ၊ လက်တံ ရှည်လျားပြီး အချိုးကျဖို့ မော်ဒယ်တောင် ကောင်းကောင်းလုပ်လို့ရတယ်လို့ ပရိသတ်တွေကလည်း မှတ်ချက်ပြုထားကြပါတယ်။

Ravi (VIXX)

 

Nayeon ရွေးချယ်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ VIXX ထဲ Ravi ပါ။ Ravi ဟာ အရပ်အမောင်းမြင့်မားသူဖြစ်ပြီး ဘယ်လို Suit မျိုးနဲ့မဆို လိုက်ဖက်သူဆိုတာ သေချာပါတယ်။

Won Hyuk (E’LAST)

 

E’LAST အဖွဲ့ဝင် Won Hyuk ကိုလည်း Suit နဲ့ လိုက်ဖက်သူအဖြစ် Stylist Nayeon က ရွေးချယ်ခဲ့ပါတယ်။

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page