K pop

■ ပထမဆုံး ကိုရီးယား YouTube Channel ဂုဏ်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ BLACKPINK

— YouTube Queen တွေလို့ BLACKPINK ကို ခေါ်ဝေါ်ကြသလိုပဲ သူတို့ဟာ ပထမဆုံး ကိုရီးယား YouTube Channel ဆိုတဲ့ ဂုဏ်တစ်ခုကို…

BLACKPINK အဖွဲ့ဟာ အောက်တိုဘာလ 5 ရက်နေ့တုန်းက သူတို့ရဲ့ Official YouTube Channel ဟာ Subscriber သန်း (50)ပြည့်သွားခဲ့ပါတယ်။ ဒီ Subscriber သန်း(50)ပြည့်တဲ့ မိုင်တိုင်ကိုရရှိတဲ့ ပထမဆုံး ကိုရီးယား YouTube Channel အဖြစ် BLACKPINK အဖွဲ့မှတ်ကျောက်တင်ခဲ့ပါတယ်။

ဒီဇင်ဘာလ 1 ရက်နေ့မှာတော့ YG Entertainment ဟာ ‘THE INVITATION.’ ခေါင်းစဉ်နဲ့ လျှို့ဝှက် တဲ့ ဗီဒီယို Teaser တစ်ခုတင်ခဲ့ပြီး ဒီဇင်ဘာလ 3 ရက်နေ့မှာ Deliver ရရှိမယ့် ကုတ်ပုံလေးပဲဖြစ်ပါ တယ်။ အမှန်တော့ အဲဒီ Deliver ဟာ YouTube ဆီကနေ Subscriber သန်း (50)ပြည့်သွားတဲ့ မိုင်တိုင်အနေနဲ့ Ruby Play Button ဂုဏ်ပြုအမှတ်တံဆိပ်ပဲဖြစ်ပါတယ်။

ကမ္ဘာအနှံ့က YouTube Channel တွေအနေနဲ့ Subscriber သန်း (50)ပြည့်ဖို့ဆိုတာ မလွယ်ကူတဲ့ အနေအထားဖြစ်တာကြောင့် YouTube ဟာ စပါယ်ရှယ်ဆုတစ်ခုအနေနဲ့ BLACKPINK အဖွဲ့အတွက် ဖန်တီးပေးထားကြောင်းလည်း သိရပါတယ်။

BLINK တွေကတော့ BLACKPINK အဖွဲ့နဲ့အတူ အဆိုပါ YouTube Ruby Play Button ဂုဏ်ပြုအ မှတ်တံဆိပ်ကို တွေ့မြင်ချင်နေကြပါတယ်။ လက်ရှိအချိန်မှာ BLACKPINK အဖွဲ့ဟာ YouTube Subscriber ဟာ (53.8)သန်းရှိနေပြီဖြစ်ပါတယ်။

-m2t
Ref: Kstarlive & Allkpop

You cannot copy content of this page