K pop

■ သူ၊ Taemin နဲ့ Jimin တို့ထဲက ဘယ်သူအကောင်းဆုံး Dancer လို့ဆိုတဲ့ မေးခွန်းကို Kai ဘယ်လို ဖြေသလဲ

— Taemin ၊ Jimin နဲ့ သူရယ် (3)ဦးထဲက ဘယ်သူက အကောင်းဆုံး Dancer ဆိုတဲ့ မေးခွန်းကို Kai တစ်ယောက် ဘယ်လိုဖြေသလဲလို့ ထင်ပါသလဲ…

EXO အဖွဲ့ဝင် Kai ဟာ မကြာသေးခင်က 1theK Originals’ ‘Look Me Up.’ အစီအစဉ်မှာပါဝင်ခဲ့ပြီး အခြား Guest တွေလိုပဲ သူ့ရဲ့အမည်ကို ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်နဲ့ Portal တွေမှာ ရှာခဲ့ပါ တယ်။

အွန်လိုင်းမှာ သူ့ရဲ့အမည်ကို ရိုက်ရှာတဲ့အခါမှာ Kai ဟာ ‘3 Male Idols Who are Really Good Dancers’ ဆိုတဲ့ ပို့စ်တစ်ခုကို တွေ့ခဲ့ပါတယ်။ အဆိုပါပို့စ်ဟာ Kai ရယ်၊ SHINee အဖွဲ့ဝင် Taemin ရယ်၊ BTS အဖွဲ့ဝင် Jimin တို့ကို ဆိုလိုတာဖြစ်ပါတယ်။

ဒါကို Kai က “ အိုး… Taemin ဟာ အလွန်ကောင်းပြီး ဆရာကျတဲ့ Dancer တစ်ဦးဖြစ်ပါတယ်” လို့ ပြောခဲ့သလို BTS အဖွဲ့ဝင် Jimin ကိုလည်း “ Jimin ဟာလည်း တကယ့်ကိုအလွန်တော်တဲ့ Dancer တစ်ဦးပါပဲ” ဆိုခဲ့ပြီး “ ဒါပေမဲ့ ကျွန်တော်တို့ (3)ဦးစလုံးဟာ သူငယ်ချင်းတွေဖြစ်ကြပါတယ်” လို့ ထပ် လောင်းပြောခဲ့ပါတယ်။

အဲဒီမှာ Kai ကို “ မင်းတို့ (3)ဦးထဲမှာ ဘယ်သူက အကောင်းဆုံးလဲ” လို့ မေးခံရတဲ့အခါမှာတော့ တစ်ဦးမှကို မရွေးခဲ့ဘဲ “ အားလုံးဟာ တော်ကြပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

Kai ၊ Taemin နဲ့ Jimin တို့ဟာ Dancer Line သူငယ်ချင်းတွေဖြစ်တယ်ဆိုတာ ပရိသတ်တွေအားလုံး သိကြပါတယ်။

-m2t
Ref: Kstarlive

 

You cannot copy content of this page