K pop

■ Yeri တစ်ယောက် စစ်တပ်ထဲ လာလည်စဉ်တုန်းက Key အံ့အားသင့်ခဲ့တဲ့အရာ

-UNICODE

– – -Yeri ကို ဒီပုံစံနဲ့ မြင်လိုက်ရတဲ့အခါ Key တစ်ယောက် အံ့အားသင့်သွားခဲ့ရပြီး…

SHINee အဖွဲ့ဝင် Key ကတော့ သူငယ်ချင်းလည်းဖြစ်၊ ဂျူနီယာလည်းဖြစ်တဲ့ Red Velvet အဖွဲ့ဝင် Yeri နဲ့ကြား အမှတ်တရအခိုက်အတန့်ကို ပြန်ပြောင်းပြောခဲ့တာပါ။

Yeri’s Room ရဲ့ နောက်ဆုံးထုတ်လွှွင့်ခဲ့တဲ့အပိုင်းမှာ Key က ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး SM Entertainment ရဲ့ မောင်နှစ်မနှစ်ယောက်က ရယ်မောဖွယ်ရာ အကြောင်းအရာတွေနဲ့ ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Key တစ်ယောက် စစ်မှုထမ်းဆောင်နေချိန်တုန်းက Yeri က စစ်တပ်ထဲ လိုက်လာတုန်းကအကြောင်းကို ပြန်ဖောက်သည်ချခဲ့ကြပါတယ်။ “Yeri လာလည်တဲ့အချိန်ကို မှတ်မိသေးလား။ အဲဒီတုန်းက ဘယ်လိုခံစားရသလဲ”လို့ Yeri က မေးမြန်းခဲ့ပါတယ်။

ဒီအခါ Key က Yeri အနေနဲ့ စစ်တပ်ထဲကို လာတုန်းက ပုံစံနဲ့ပတ်သက်ပြီး အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။ “သူက ဒီလိုဘာလို့ ဒေါက်ဖိနပ်စီးပြီးလာရတာလဲပေါ့။ သူ ဘာတွေးနေတာလဲပေါ့။ သူမကို စမြင်တဲ့အချိန်မှာ ဒါကို ကျွန်တော်တွေးမိနေတာပါ”လို့ Key က ဆိုခဲ့ပါတယ်။

အဲဒီနောက် Yeri က သူမအနေနဲ့ ဒေါက်ဖိနပ်မစီးချင်ခဲ့ကြောင်း၊ အချိန်ဇယားတွေ ရှိနေခဲ့လို့သာဖြစ်ကြောင်း ပြန်ရှုင်းပြခဲ့ပါတယ်။ Yeri နဲ့ Key တို့ဟာ အဲဒီနောက် အပြန်အလှန် စနောက်ကြရင်း ပျော်စရာကောင်းခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ Yeri တစ္ေယာက္ စစ္တပ္ထဲ လာလည္စဥ္တုန္းက Key အံ့အားသင့္ခဲ့တဲ့အရာ

– – -Yeri ကို ဒီပုံစံနဲ႔ ျမင္လိုက္ရတဲ့အခါ Key တစ္ေယာက္ အံ့အားသင့္သြားခဲ့ရၿပီး…

SHINee အဖြဲ႕ဝင္ Key ကေတာ့ သူငယ္ခ်င္းလည္းျဖစ္၊ ဂ်ဴနီယာလည္းျဖစ္တဲ့ Red Velvet အဖြဲ႕ဝင္ Yeri နဲ႔ၾကား အမွတ္တရအခိုက္အတန႔္ကို ျပန္ေျပာင္းေျပာခဲ့တာပါ။

Yeri’s Room ရဲ႕ ေနာက္ဆုံးထုတ္လႊြင့္ခဲ့တဲ့အပိုင္းမွာ Key က ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး SM Entertainment ရဲ႕ ေမာင္ႏွစ္မႏွစ္ေယာက္က ရယ္ေမာဖြယ္ရာ အေၾကာင္းအရာေတြနဲ႔ ပရိသတ္ကို အေကာင္းဆုံး ေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။

အဲဒီမွာ Key တစ္ေယာက္ စစ္မႈထမ္းေဆာင္ေနခ်ိန္တုန္းက Yeri က စစ္တပ္ထဲ လိုက္လာတုန္းကအေၾကာင္းကို ျပန္ေဖာက္သည္ခ်ခဲ့ၾကပါတယ္။ “Yeri လာလည္တဲ့အခ်ိန္ကို မွတ္မိေသးလား။ အဲဒီတုန္းက ဘယ္လိုခံစားရသလဲ”လို႔ Yeri က ေမးျမန္းခဲ့ပါတယ္။

ဒီအခါ Key က Yeri အေနနဲ႔ စစ္တပ္ထဲကို လာတုန္းက ပုံစံနဲ႔ပတ္သက္ၿပီး အ႐ႊန္းေဖာက္ ေျပာၾကားသြားခဲ့ပါတယ္။ “သူက ဒီလိုဘာလို႔ ေဒါက္ဖိနပ္စီးၿပီးလာရတာလဲေပါ့။ သူ ဘာေတြးေနတာလဲေပါ့။ သူမကို စျမင္တဲ့အခ်ိန္မွာ ဒါကို ကြၽန္ေတာ္ေတြးမိေနတာပါ”လို႔ Key က ဆိုခဲ့ပါတယ္။

အဲဒီေနာက္ Yeri က သူမအေနနဲ႔ ေဒါက္ဖိနပ္မစီးခ်င္ခဲ့ေၾကာင္း၊ အခ်ိန္ဇယားေတြ ရွိေနခဲ့လို႔သာျဖစ္ေၾကာင္း ျပန္ရႈင္းျပခဲ့ပါတယ္။ Yeri နဲ႔ Key တို႔ဟာ အဲဒီေနာက္ အျပန္အလွန္ စေနာက္ၾကရင္း ေပ်ာ္စရာေကာင္းခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page