K pop

■ YG နဲ့ BLACKPINK ကတော့ စောစောစီးစီးပဲ Surprise တိုက်လိုက်ပြီ

— – – BLACKPINK အတွက် YG ရဲ့ ဖန်တီးမှုတွေက ရိုးရှင်းတယ်။ ရိုးပေမဲ့ လှလွန်းတယ်လို့ပဲ ဆိုရမယ် …

BLACKPINK အဖွဲ့ရဲ့ Full Album က ဘာတဲ့လဲ။ THE ALBUM တဲ့။ ဘယ်လောက်တောင် ရိုးလိုက်တဲ့ နာမည်လဲ။ ဒါပေမဲ့ အဲဒါကိုက ဆန်းနေတာ မဟုတ်လား။ အဓိပ္ပာယ်ရှိနေတာ မဟုတ်လား။

အခုလည်း YG က BLACKPINK နဲ့ပတ်သက်ပြီး ရိုးရိုးလေးနဲ့ ဆန်းကြယ်လိုက်ပြန်ပြီ။ BLACKPINK အဖွဲ့ရဲ့ Online Concert လုပ်မယ်။ Show နာမည်တဲ့ THE SHOW တဲ့။ ဘယ်လောက်တောင် ရိုးလိုက်သလဲ။

အဲဒါ ရိုးလို့တောင် မဝသေးဘူး။ THE SHOW အတွက် TEASER ထုတ်လိုက်တယ်။ ရိုးရိုးလေးပဲ တကယ်ကို ရိုးရိုးလေး မြင်တဲ့အတိုင်းပါပဲ။

မင်း BLACKPINK အဖွဲ့ရဲ့ Online Concert ဖြစ်တဲ့ THE SHOW ကို ကြည့်ချင်တယ် မဟုတ်လား ရိုးရိုးလေးပဲ။ You Tube ကပဲ ကြည့်နိုင်တယ်။ အောက်မှာ ပြထားတဲ့ ဗီဒီယိုလေးအတိုင်း လိုက်လုပ်ရုံပါပဲ။ PC လည်း ရတယ်။ ဖုန်းလည်း ရတယ်။ IOS လား Andriod လား အကုန်ရတယ်။ အောက်က ဗီဒီယိုသာ ကြည့်လိုက်။

ဒါနဲ့ BLACKPINK အဖွဲ့ရဲ့ Online Concert ဖြစ်တဲ့ Livestream Concert: THE SHOW ကို ဒီဇင်ဘာ (၂၇)ရက်၊ ကိုရီးယားစံတော်ချိန် နေ့လယ် (၂) နာရီမှာ ပြုလုပ်မယ်တဲ့။

— ဃဲ
Ref: YG

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page