K pop

■ ဒီ Idol (၅) ဖွဲ့ရဲ့ ကျောင်းဝတ်စုံ Concept က အလွန်နာမည်ကြီးပါသတဲ့

– MV တွေထဲမှာ၊ စတိတ်ဖျော်ဖြေမှုတွေမှာ သူတို့ရဲ့ ကျောင်းဝတ်စုံ Concept က အလွန်နာမည်ကြီးတာ တွေ့ရပြီး……

GFRIEND

သူမတို့ရဲ့ နာမည်ကျော် သီချင်း Rough ထဲမှာ GFRIEND က ကျောင်းဝတ်စုံ Concept ကို အသုံးပြုခဲ့ပါတယ်။ အဲဒီသီချင်းနဲ့ ကျောင်းဝတ်စုံ Concept နဲ့ အလွန်လိုက်ဖက်သွားပြီး GFRIEND အဖွဲ့ဝင်တွေနဲ့ ကွတ်တိပါပဲ။

T-ARA

T-ARA ရဲ့ နာမည်ကြီး Roly-Poly ဟာ အကပိုင်းတစ်ခုတည်းတင် နာမည်ကျော်တာ မဟုတ်ပါဘူး။ အဲဒီ MV ထဲမှာ သူမတို့ဟာ ကျောင်းဝတ်စုံနဲ့ လိုက်ဖက်မှုကလည်း ရေပန်းစားခဲ့တာပါ။ ဒါကြောင့် ပရိုးမိုးရှင်းတွေမှာလည်း T-ARA ဟာ ကျောင်းဝတ်စုံကို အသုံးပြုခဲ့ပါတယ်။

BTS

EP Skool Luv Affair က BTS ရဲ့ ကျောင်းဝတ်စုံ Concept ကလည်း ရေပန်းစားခဲ့ပါတယ်။ 2019 MMA မှာလည်း BTS ဟာ ကျောင်းဝတ်စုံနဲ့ ဖျော်ဖြေခဲ့ရာမှာတော့ အလွန်လိုက်ဖက်လွန်းနေတာ တွေ့ရမှာပါ။

f(x)

f(x) ရဲ့ Rum Pum Pum ထဲက ကျောင်းဝတ်စုံ Concept ကလည်း နာမည်ကျော်ခဲ့တာကို တွေ့ရပါတယ်။

EXO

 

EXO ရဲ့ နာမည်ကျော်သီချင်း Growl ထဲက ကျောင်းဝတ်စုံ Concept ကလည်း ထူးခြားပြီး အလွန်နာမည်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဝတ်စုံ Concept နဲ့ဆိုရင် Neitzens တွေက EXO ရဲ့ Growl ကို အရင်ဆုံး ပြေးမြင်မိတယ်လို့ဆိုနေကြပြီး အဲဒီအထဲမှာ EXO အဖွဲ့ဝင်တွေ ကျောင်းဝတ်စုံနဲ့ ဘယ်လောက်အထိ Visual ဖြစ်လွန်းတယ်ဆိုတာ အားလုံးအမြင်ပါပဲ။

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page