Celebrity

■ CJ ENM က ထုတ်ပြန်တဲ့ ‘2020 Visionaries’ စတားတွေက ဘယ်သူတွေလဲ

— CJ ENM က ထုတ်ပြန်တဲ့ ‘2020 Visionaries’ စတား (10)ဦးစာရင်းမှာ K-pop လောကက အဖွဲ့ (၂)ဖွဲ့သာပါဝင်ခဲ့…

တောင်ကိုရီးယား အင်တာတိန်းမန့်နဲ့ မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ CJ ENM ဟာ ဒီဇင်ဘာလ 3 ရက်နေ့ က 2020 ခုနှစ်အတွက် ‘2020 Visionaries’ Star (10)ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ‘2020 Visionaries’ Star ဆိုတာဟာ နှစ်တစ်နှစ်အတွင်း ကိုရီးယား အင်တာတိန်းမန့်ရဲ့ တိုးတက်မှုနဲ့ တီထွင် ဆန်းသစ်မှုတွေကို စွမ်းစွမ်းတမံစွမ်းဆောင်ပေးနိုင်တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုပြီး ရွေးချယ်တာဖြစ် ပါတယ်။

K အနုပညာလောက နယ်ပယ်အရပ်ရပ်က အနုပညာရှင်တွေကို ရွေးချယ်တာဖြစ်ပြီး K-pop နယ်ပယ် ကနေ BTS နဲ့ BLACKPINK Artist (၂)ဖွဲ့သာပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေသိတဲ့အတိုင်း BTS နဲ့ BLACKPINK အဖွဲ့ဟာ အမေရိက၊ ဥရောပ နဲ့ ကမ္ဘာအနှံ့ K-pop Muisc လွှမ်းမိုးမှုပုံရိပ်တွေကို တီထွင်ဆန်းသစ်မှုတွေနဲ့ ဂုဏ်ဆောင်ထားတဲ့သူတွေဖြစ်ပါတယ်။

ဒါကြောင့် CJ ENM ရဲ့ ‘2020 Visionaries’ Star (10)ဦးစာရင်းမှာ ပါဝင်ခဲ့တာပါ။ ရဲ့ ‘2020 Visionaries’ Star (10)ဦးစာရင်းကို ဖော်ပြရရင်…

Kim Eun Hee (‘Kingdom’) ၊ Kim Tae Ho PD (of ‘Hangout With Yoo’) ၊ scriptwriter Park Ji Eun (‘Crash Landing on You’) ၊ BTS ၊ director Bong Joon Ho ၊ BLACKPINK ၊ Rain ၊ actor Song Kang Ho ၊ Shin Won Ho PD (of ‘Hospital Playlist’) နဲ့ Yoo Jae Suk တို့ဖြစ်ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page