K pop

■ အသက်(၂၀)ပြည့်ရင် aespa Winter လုပ်ချင်ဆုံးအရာတစ်ခု

—- aespa အဖွဲ့ဝင် Winter ဟာ အသက်(၂၀)ပြည့်ရင် ဒီအရာလေးတစ်ခုကို လုပ်ချင်တာပါ… ဒါပေမဲ့…

Debut လုပ်ပြီး ရေတိုအတွင်းမှာပဲ အောင်မြင်မှုနဲ့ ပရိသတ်အခိုင်အမာရခဲ့တဲ့ aespa အမျိုးသမီးအဖွဲ့ သစ်ဟာ မကြာသေးခင်က SBS‘s Kim Young Chul’s Power FM အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အဲဒီမှာ ပုဂ္ဂိုလ်ရေးအကြောင်း၊ အနုပညာလမ်းကြောင်းအချို့အရာတွေကို ပြောပြခဲ့ပါတယ်။

အစီအစဉ်အတွင်းမှာ Kim Young Chul က အဖွဲ့ဝင် Winter ရဲ့ လှပတဲ့နေထိုင်မှုမှတ်ပုံတင်ကိန်း ဂဏန်းကို အံ့အားသင့်ခဲ့ပါတယ်။ Winter ရဲ့ Happ Birthday ဟာ ဇန်နဝါရီလ 1ရက်၊ 2001ခုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ မှတ်ပုံတင်စာရင်းတင်တဲ့ ကိန်းဂဏန်းဟာ “01-01-01” လှပတဲ့ ကိန်း ဂဏန်းဖြစ်ခဲ့တာပါ။

မကြာခင် အသက်(၂၀)ပြည့်တော့မှာဖြစ်တဲ့ Winter ဟာ သူမအလုပ်ချင်ဆုံးအရာတစ်ခုကိုလည်း ပြောပြခဲ့ပါတယ်။

“ ကျွန်မဟာ အသက် (၂၀)ပြည့်တဲ့အခါမှာ ခွေးတစ်ကောင်လောက်မွေးချင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ခွေးချစ်တတ်တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မဟာ dorm မှာ နေထိုင်နေရတာကြောင့် အဲဒီလုပ်ချင်တဲ့အရာတစ်ခုကို မလုပ်နိုင်သေးပါဘူး” လို့ Winter က ပြောခဲ့ပါ တယ်။

-m2t
Ref: Koreaboo

You cannot copy content of this page