K pop

■ ပထမဆုံးပုဂ္ဂိုလ်ဆိုတဲ့ သမိုင်းတစ်ခုကို ရေးထိုးခဲ့တဲ့ Jungkook

— Jungkook ဟာ Tiktok မှာ စံချိန်သစ်တင်ခဲ့တာပါ…

Jungkook ဟာ Tiktok မှာ စံချိန်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Individual Hashtag #jungkook ဟာ Video-Sharing Social Networking App (Tiktok) မှာ Views 25 ဘီလီယံပြည့် သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Jungkook ဟာ Tiktok မှာ ဒီမိုင်တိုင်ကိုရရှိတဲ့ ပထမဆုံးပုဂ္ဂိုလ်ဆို တဲ့ သမိုင်းတစ်ခုကို မှတ်တမ်းရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါတောင် Jungkook ဟာ ကိုယ်ပိုင် Tiktok အကောင့်ဖွင့်ထား တာမဟုတ်ပါဘူး။

Jungkook ဟာ ဘီလီယံ Views ရှိတဲ့ Hashtags တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားတာမဟုတ်ဘဲ #jeonjungkook (5 Billion) ၊ #btsjungkook (1.2 Billion) ၊ #jungkookie (1.2 Billion) အခြား Hashtag တွေလည်းရှိသေးတာဖြစ်ပါတယ်။

နောက်ပြီး သူ့ရဲ့ #jungkookbts, #jungkookedit, and #jungkookhot အစရှိတဲ့ Hashtag တွေ ဟာလည်း Views သန်းနဲ့ချီရှိတာဖြစ်ပါတယ်။

Tiktok မှာ Views Individual အားလုံးပေါင်းရင် 30 ဘီလီယံကျော်ပြကီး Jungkook အနေနဲ့ ဘယ် လောက်အထိ ပေါ်ပြူလာဖြစ်တယ်ဆိုတာကို သက်သေတစ်ခုလည်းဖြစ်ပါတယ်။ BTS ရဲ့ Golden Maknae ကို King of SNS လို့ တင်စားကြတာ အမှားမဟုတ်တဲ့ အမှန်တရားတစ်ခုလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page