K pop
■ Jin ရဲ့ Live ထဲအထိ ရောက်လာပြီး Jungkook ဝင်ခွီခဲ့စဉ်က…..
-UNICODE
– – -Jungkook ရဲ့ အခွီလုပ်ရပ်ကြောင့် Jin နဲ့ ARMY တွေကို……
BTS အဖွဲ့ဝင်တွေဟာ စတင်ပွဲထွက်ကတည်းက ဒီနေ့အချိန်အထိ အချင်းချင်း ရိုင်းပင်းပြီး အတူတကွ ဖြတ်သန်းလာခဲ့တာပါ။
ဒီနေ့လို BTS ဖြစ်လာဖို့လည်း အဖွဲ့ဝင်တွေရဲ့ စည်းလုံးမှုက အလွန်အရေးပါလှပါတယ်။ BTS အဖွဲ့ဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ကြတာပဲ ဖြစ်ပါတယ်။
တစ်ခါက Jin Live လွှင့်နေရင်း အငယ်ဆုံးလေး Jungkook တစ်ယောက် ဝင်ခွီခဲ့တဲ့လုပ်ရပ်ကလည်း ပွဲကျချင်စရာပါ။ အဲဒီအချိန်တုန်းက Jin က Law of The Jungle အစီအစဉ်က ပြန်လာတဲ့အချိန်ပါ။ Jin Live လွှင့်နေုတုန်း Jungkook က ဖုန်းခေါ်ခဲ့တာပါ။
စစချင်း Jungkook က “Hyung ရဲ့ပခုံးက အဲဒီမှာ ပင်လယ်ကြီးထက်တောင် ကျယ်တယ်”လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် Jungkook က သူ့ရဲ့ Comment ကို ဘာလို့ မဖတ်တာလဲလို့ Jin ကို ရစ်ခဲ့ပါသေးတယ်။
နောက်ဆုံးမှာ Jin က စပီကာဖွင့်ခဲ့ပြီး Jungkook နဲ့ ARMY တွေကို ထိတွေ့စေခဲ့ပါတယ်။ ဒီမှာတော့ Jungkook က သူ့ရဲ့ Live က Jin ရဲ့ Live ထက် ပိုကောင်းတယ်မလားလို့ ARMY တွေကို မေးပြီး စနောက်ခဲ့ကြပါတယ်။
အခွီတလိုင်း Jungkook ကြောင့် Jin နဲ့ ARMY တွေအားလုံး ပွဲကျခဲ့ရတယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page