K pop
■ Momo ရဲ့ Dance စကေးကို Netizens တွေ အကြွေရဆုံး အခိုက်အတန့် (၅) ခု
-UNICODE
– – -Dance Queen ရယ်လို့ တင်စားခြင်း ခံထားရတဲ့ Momo နဲ့ အကစွမ်းရည်နဲ့ ပတ်သက်ပြီး…
TWICE အဖွဲ့ဝင် Momo ကတော့ အကနဲ့ ပတ်သက်ရင် ပင်ကိုယ်ပါရမီ ထူးချွန်သူလို့ ဆိုရမှာပါ။
ဒါကြောင့် Momo ကို Dance Machine လို့ တင်စားထားပြီး K-pop နယ်ပယ်ထဲ အကတော်ဆုံးတွေထဲကတစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Momo ရဲ့ Dance စကေးနဲ့ ပတ်သက်ပြီး Netizens တွေ ကြွေခဲ့ရတဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
Hit The Stage
Mnet ရဲ့ Hit The Stage က Momo ရဲ့ Dance စကေးကလည်း ပရိသတ်တွေ ကြွေခဲ့ရတဲ့အခိုက်အတန့်ပါပဲ။ အဲဒီမှာ Momo ရဲ့ ပုံစံက လုံးဝပြီးပြည့်စုံလွန်းနေခဲ့တာပါ။
Move
KBS ရဲ့ Music Bank က Momo, Dahyun နဲ့ Mina တို့ရဲ့ Move ဖျော်ဖြေမှုကလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
SIXTEEN
တကယ်တော့ Momo က Idol အဖြစ် ပွဲမထွက်ခင် SIXTEEN Show မှာကတည်းက အကပိုင်းနဲ့ ပတ်သက်ပြီးအားလုံးရဲ့ လေးစားမှုကို ခံထားရသူပါ။ ပထမဆုံး ပြကွက်မှာတင် Momo က အလန်းစား Dance စကေးကို ချပြထားခဲ့တာပါ။
Freestyle
Variety Show တွေက Momo ရဲ့ Freestyle ကကွက်တွေကလည်း အံ့သြမှင်သက်စရာကောင်းလောက်အောင် လန်းလွန်းတာပါ။ Variety Show တွေဟာ Momo ဟာ Dance Machine ပီသစွာ ကရဖို့ဆို ရှေ့ထွက်ဖို့ ဝန်မလေးတတ်သူပါ။
Every Comeback Ever
TWICE အဖွဲ့ရဲ့ Comeback တိုင်းမှာ Momo ဟာ တောက်ပစမြဲ ဖြစ်ပါတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် သူမရဲ့ Dance စကေးတွေကလည်း ပိုမို ကောင်းမွန်လာတာကို ပရိသတ်တွေက တွေ့မြင်နေရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Hit The Stage
Move
SIXTEEN
Freestyle
Every Comeback Ever
Ref: Koreaboo
You cannot copy content of this page