K pop

■ စင်မြင့်ထက်မှာ ဖျော်ဖြေဖို့ မွေးဖွားလာသူတွေလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသား Idol များ

– – -ဒီ Idol တွေက စင်မြင့်တက်မှာ တောက်ပလွန်းသူတွေအဖြစ် သတ်မှတ်ခံထားရပြီး…..

ဒီ K-pop Idol တွေက စင်မြင့်ထက်မှာ ဖျော်ဖြေဖို့ မွေးဖွားလာသူတွေလို့ ထင်မှတ်ရအောင် စတိတ်စင်ပေါ်ရောက်ရင် သူတို့ဟာ ကိုယ်ရောင်ကိုယ်ထည် တောက်ပလွန်းနေတာကို တွေ့ရမှာပါ။

Yeonjun TXT

TXT အဖွဲ့ဝင် Yeonjun ဟာ စင်မြင့်တက်မှာ တောက်ပလွန်းပြီး ပရိသတ်တွေကို အပျော်ကူးစက်စေသူ တစ်ယောက်ပါ။

V BTS

BTS အဖွဲ့ဝင် V ကလည်း စတိတ်စင်မြင်ထက်က ဖျော်ဖြေမှုတွေမှာ စမတ်ကျလွန်းပြီး ပရိသတ်တွေ အချစ်ပိုရစမြဲပါပဲ။

SEVENTEEN’s Jeonghan

Jeonghan ကလည်း စတိတ်စင်မြင့်တက်မှာ Visual ဖြစ်လွန်းစွာနဲ့ အားလုံးရဲ့နှလုံးသားကို သိမ်းပိုက်ထားသူတစ်ယောက်ပါ။

Younghoon The Boyz

Younghoon ရဲ့ စင်မြင့်ထက်က အလန်းစား ဖျော်ဖြေမှုတွေကလည်း ပရိသတ်တွေ မကြွေဘဲ မနေနိုင်လောက်ပါပဲ ဖြစ်ပါတယ်။

BTOB’s Sungjae

BTOB အဖွဲ့ဝင် Sungjae ကလည်း စတိတ်စင်ပေါ်မှာ အလွန်တောက်ပသူဖြစ်ပြီး သူ့ရဲ့ ဖျော်ဖြေမှုတွေက ကျေနပ်အားရစရာကောင်းတာ တွေ့ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page