K pop

■ TWICE Sana ရဲ့ မနက်ခင်းနဲ့ ည မတူတဲ့ အလှ

—- TWICE အဖွဲ့ဝင် Sana ရဲ့ မနက်ခင်းနဲ့ ညမတူတဲ့ အလှတရားမှာ ONCE တွေ မျှောပါ…

မကြာသေးခင်က ကိုရီးယားလူမှုကွန်ရက်မှာ TWICE အဖွဲ့ဝင် Sana ရဲ့ မနက်ခင်းနဲ့ ည မတူတဲ့ အလှ တရားကို ယှဉ်ထိုးပြတဲ့ ပို့စ်တစ်ခုဟာ ONCE တွေကြားမှာရေပန်းစားခဲ့ပါတယ်။

အဆိုပါ ပို့စ်ထဲမှာ Sana ရဲ့ မနက်ခင်း နဲ့ ည ပုံရိပ်တွေကို တွေ့ရမှာဖြစ်ပြီး မနက်ရော၊ ညရော Sana က တစ်မျိုးစီလှနေတာဖြစ်ပါတယ်။

ညပိုင်း Sana ရဲ့အလှတရားဟာ မိတ်ကပ်တွေနဲ့ ရောင်စုံခြယ်ထားပေမယ့် တောက်ပပြီး ချစ်စရာ ကောင်းသလို Sexy လည်းကျတာဖြစ်ပါတယ်။

မနက်ပိုင်း Sana ရဲ့ အလှတရားကတော့ ညပိုင်းအလှတရားနဲ့မတူအောင် ကွဲပြားနေခဲ့တာဖြစ်ပါတယ်။ ပုံရိပ်ထဲမှာတော့ သူမဟာ မိတ်ကပ်အနည်းငယ်သာ လိမ်းထားပေးမယ့် မျက်နှာက ပြည့်ပြည့်ဖောင်း ဖောင်းလေးနဲ့ အလွန်ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ အရင်တုန်းကလည်း Sana က သူမရဲ့ မျက်နှာအသားအရေဟာ ညဘက်အိပ်ပြီး အိပ်ယာထရင် ပြည့်ဖောင်းလွယ်တယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို Sana ရဲ့ မနက်ပိုင်းနဲ့ ညပိုင်းအလှတရားကို ONCE တွေက မြင်တွေ့ပြီးတဲ့နောက်မှာတော့ “ မနက်ခင်း Sana ရဲ့ အလှတရားဟာ အလွန်ချစ်စရာကောင်းတယ်။ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ Sana ၊ သူမရဲ့ မျက်နှာလေးကို အိတ်ကပ်ထဲ ထည့်ထားချင်တဲ့စိတ်တွေပေါက်တယ်” စတာတွေနဲ့ မှတ်ချက်ပြုခဲ့ကြပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page