K pop

■ မွေးနေ့မတိုင်မီတွင် Abyss သီချင်း ဘာကြောင့် ထုတ်ဝေခဲ့သလဲဆိုတာ BTS အဖွဲ့ဝင် Jin ဖွင့်ဟ

-UNICODE

– – – Jin ဟာ သူ့ရဲ့ ခံစားချက်ကို ARMY တွေထံ ရိုးရိုးသားသား ချပြခဲ့တာဖြစ်ပြီး….

ဒီဇင်ဘာ (၄) ရက်နေ့ကတော့ BTS အဖွဲ့ဝင် Jin ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

Jin ဟာ မွေးနေ့မတိုခင် တစ်ရက်အလိုမှာ သူ့ရဲ့ Solo သီချင်းသစ် Abyss ကို ထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းမှာ BTS အဖွဲ့ခေါင်းဆောင် RM ကလည်း ဝင်ရောက်ရေးသားခဲ့ပြီး ဒီသီချင်း ထုတ်ဝေရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး Jin က ARMY တွေထံ စာတစ်စောင်ရေးကာ ရှင်းပြခဲ့ပါတယ်။

“ဟယ်လို..ကျွန်တော်က Jin ပါ။ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ‘ပရိသတ်တွေကို ဝမ်းနည်းစရာခံစားချက်တွေ မမျှဝေချင်ဘူး။ ပျော်ရွှင်စရာတွေပဲ ပြချင်တယ်’လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သီချင်းလုပ်တာကတော့ ကွဲပြားပါတယ်။ ဒီလိုအရာတွေကို သီချင်းကနေတစ်ဆင့် ချပြတာ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်။

Billboard Hot 100 မှာ နံပါတ်တစ် ရခဲ့ပြီးနောက် ကျွန်တော်တို့ဟာ မရေမတွက်နိုင်တဲ့ ဂုဏ်ပြုခံရမှုတွေကို ရရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်က ဒီချီးကျူးမှုတွေနဲ့ ထိုက်တန်ရဲ့လားဆိုတာ တွေးနေမိပါတယ်။ လေးလေးနက်နက် စဉ်းစားကြည့်ရင် တချို့ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်က လွှတ်ချလိုက်ချင်စိတ် ပေါက်ခဲ့တယ်။

ဒီအကြောင်းကို Bang PD ကို ပြောပြလိုက်တဲ့အခါ သူက ကျွန်တော့်ရဲ့ခံစားချက်တွေကို သီချင်းအဖြစ် ချရေးရင်ရော ဘယ်လိုလဲဆိုပြီး အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ ကောင်းကောင်း လုပ်နိုင်ပါ့မလားဆိုတာ ကျွန်တော် ယုံကြည်မှု မရှိခဲ့ဘူး။

ဒါပေမဲ့ Bang PD က ကျွန်တော့်ကို ယုံကြည်မှု ကောင်းကောင်း ထားရှိဖို့ အားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဒီသီချင်းထဲ ထည့်ရေးခဲ့ပြီး Abyss ကနေတစ်ဆင့် မျှဝေချင်ခဲ့တာပါ။

ဒီသီချင်းက မွေးနေ့အတွက် နည်းနည်း ဆွေးမြေ့စရာ ဆိုပေမဲ့ Abyss ကို ထုတ်ဝေဖို့ အချိန်မရှိတော့ဘူးလို့ ခံစားရတာကြောင့် ထုတ်လိုက်တာပါ။ ARMY တွေရေ..ကျေးဇူးပြုပြီး နားထောင်ပေးကြပါဦး။ P.S ဒီသီချင်းမှာ chorus ရေးပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးကိုလည်း ကျေးဇူးတင်စကားပြောလိုပါတယ်”
-Jin

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ေမြးေန႔မတုိင္မီတြင္ Abyss သီခ်င္း ဘာေၾကာင့္ ထုတ္ေ၀ခဲ့သလဲဆုိတာ BTS အဖြဲ႕၀င္ Jin ဖြင့္ဟ

– – – Jin ဟာ သူ႔ရဲ႕ ခံစားခ်က္ကို ARMY ေတြထံ ႐ိုး႐ိုးသားသား ခ်ျပခဲ့တာျဖစ္ၿပီး….

ဒီဇင္ဘာ (၄) ရက္ေန႔ကေတာ့ BTS အဖြဲ႕ဝင္ Jin ရဲ႕ ေမြးေန႔ပဲ ျဖစ္ပါတယ္။

Jin ဟာ ေမြးေန႔မတိုခင္ တစ္ရက္အလိုမွာ သူ႔ရဲ႕ Solo သီခ်င္းသစ္ Abyss ကို ထုတ္ေဝခဲ့ပါတယ္။ ဒီသီခ်င္းမွာ BTS အဖြဲ႕ေခါင္းေဆာင္ RM ကလည္း ဝင္ေရာက္ေရးသားခဲ့ၿပီး ဒီသီခ်င္း ထုတ္ေဝရျခင္းအေၾကာင္းနဲ႔ ပတ္သက္ၿပီး Jin က ARMY ေတြထံ စာတစ္ေစာင္ေရးကာ ရွင္းျပခဲ့ပါတယ္။

“ဟယ္လို..ကြၽန္ေတာ္က Jin ပါ။ ၿပီးခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ‘ပရိသတ္ေတြကို ဝမ္းနည္းစရာခံစားခ်က္ေတြ မမွ်ေဝခ်င္ဘူး။ ေပ်ာ္႐ႊင္စရာေတြပဲ ျပခ်င္တယ္’လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ဒါေပမဲ့ သီခ်င္းလုပ္တာကေတာ့ ကြဲျပားပါတယ္။ ဒီလိုအရာေတြကို သီခ်င္းကေနတစ္ဆင့္ ခ်ျပတာ အဆင္ေျပမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။

Billboard Hot 100 မွာ နံပါတ္တစ္ ရခဲ့ၿပီးေနာက္ ကြၽန္ေတာ္တို႔ဟာ မေရမတြက္ႏိုင္တဲ့ ဂုဏ္ျပဳခံရမႈေတြကို ရရွိခဲ့တယ္။ ဒါေပမဲ့ ကြၽန္ေတာ့္က ဒီခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္ရဲ႕လားဆိုတာ ေတြးေနမိပါတယ္။ ေလးေလးနက္နက္ စဥ္းစားၾကည့္ရင္ တခ်ိဳ႕ခက္ခဲတဲ့အခ်ိန္ေတြမွာ ကြၽန္ေတာ္က လႊတ္ခ်လိုက္ခ်င္စိတ္ ေပါက္ခဲ့တယ္။

ဒီအေၾကာင္းကို Bang PD ကို ေျပာျပလိုက္တဲ့အခါ သူက ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို သီခ်င္းအျဖစ္ ခ်ေရးရင္ေရာ ဘယ္လိုလဲဆိုၿပီး အႀကံေပးခဲ့ပါတယ္ ။ဒါေပမဲ့ ေကာင္းေကာင္း လုပ္ႏိုင္ပါ့မလားဆိုတာ ကြၽန္ေတာ္ ယုံၾကည္မႈ မရွိခဲ့ဘူး။

ဒါေပမဲ့ Bang PD က ကြၽန္ေတာ့္ကို ယုံၾကည္မႈ ေကာင္းေကာင္း ထားရွိဖို႔ အားေပးခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္ေတြကို ဒီသီခ်င္းထဲ ထည့္ေရးခဲ့ၿပီး Abyss ကေနတစ္ဆင့္ မွ်ေဝခ်င္ခဲ့တာပါ။

ဒီသီခ်င္းက ေမြးေန႔အတြက္ နည္းနည္း ေဆြးေျမ့စရာ ဆိုေပမဲ့ Abyss ကို ထုတ္ေဝဖို႔ အခ်ိန္မရွိေတာ့ဘူးလို႔ ခံစားရတာေၾကာင့္ ထုတ္လိုက္တာပါ။ ARMY ေတြေရ..ေက်းဇူးျပဳၿပီး နားေထာင္ေပးၾကပါဦး။ P.S ဒီသီခ်င္းမွာ chorus ေရးေပးခဲ့တဲ့ ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္ႀကီးကိုလည္း ေက်းဇူးတင္စကားေျပာလိုပါတယ္”
-Jin

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page