K pop
■ aespa အဖွဲ့ဝင်အချင်းချင်း စတွေ့တွေ့ချင်း တစ်ယောက်အပေါ် တစ်ယောက် ဘယ်လိုမြင်ခဲ့သလဲ
-UNICODE
– – – aespa အဖွဲ့ဝင်တွေရဲ့ First Impression တွေက စိတ်ဝင်စားစရာကောင်းလှပြီး…
တလောတုန်းက aesp အဖွဲ့ဝင်တွေဟာ SOHU KOREA နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာတော့ သူတို့အဖွဲ့အချင်းချင်း First Impression ကို ဖွင့်ဟသွားခဲ့ပါတယ်။
Ningning က Giselle ကို ပထမဆုံး တွေ့တွေ့ချင်း ကောင်းကောင်း ကတတ်မဲ့သူလို့ ထင်မြင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “Giselle unnie ကို စတွေ့တော့ အရပ်ရှည်ပြီး ဆွဲဆောင်မှု ရှိလွန်းတယ်။ ဒါကြောင့် ကောင်းကောင်း ကတတ်မဲ့သူ လို့ တွေးခဲ့ပါတယ်”လို့ Ningning က ဆိုခဲ့ပါတယ်။
Winter ကို အဖွဲ့ဝင်တွေက သေးသေးကွေးကွေးအဖြစ် မြင်ခဲ့ပါတယ်။ Giselle က Winter ကို ပထမဆုံးမြင်ချင်း “ပထမဆုံး Winter က အေးအေးနေတတ်ပြီး အရှက်ကြီးသူဖြစ်မယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် သူက ပေါင်းရခက်မယ်လို့ ခံစားခဲ့ရပေမဲ့ ဒါက ပြဿနာ မဟုတ်ပါဘူး”လို့ Giselle က ဖွင့်ဟခဲ့ပါတယ်။
Ningning ကိုတော့ အသက်အရွယ်ပိုင်းနဲ့ ပတ်သက်ပြီး aespa အဖွဲ့ဝင်တွေက ဝေခွဲရခက်ခဲ့ပါတယ်။ Karina က Winter ကို စတွေ့တွေ့ချင်း စီနီယာဖြစ်မယ်ထင်ခဲ့ကြောင်း၊ သူမထက် အသက်ကြီးမယ်လို့ ထင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
aespa အဖွဲ့ဝင်တွောအားလုံးက Karina ကို စစတွေ့ချင်း သူမရဲ့ အလှကို သတိထားမိခဲ့ကြပါတယ်။ Ningning က Karina ရဲ့ ဆံပင်ရှည်ရှည်၊ လည်ပင်းလှလှလေးကို သတိထားမိခဲ့ပြီး Giselle လည်း Karina ဟာ အရပ်မြင့်ပြီး မျက်နှာသေးလေးလေးလို့ ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page