-UNICODE
– – -အဲဒီ ပရိသတ်ဟာ သင်္ချာမေးခွန်းတစ်ခုကို တွက်ဖို့ အချိန်မရှိခဲ့ရာမှာတော့ Taeyeon ရဲ့…..
တလောတုန်းက အွန်လိုင်းမှာ Netizen တစ်ယောက်က “ကျွန်မအနေနဲ့ ကောလိပ်ဝင်ခွင့်စာမေးခွဲဖြေဆိုရမှာတော့ Taeyeon ကယ်တင်ခဲ့ပါတယ်”ဆိုတဲ့ Post ကို မျှဝေခဲ့ပါတယ်။
အဲဒီ Netizen ရဲ့ အဆိုအရ သူမဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ SNSD အဖွဲ့ခေါင်းဆောင် Taeyeon ကြောင့် မေးခွန်းတစ်ခုကို အဖြေမှန်ရခဲ့ပြီး အမှတ်ပိုကောင်းခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်က ဒီလိုပါ။
သူမဟာ ကံမကောင်းစွာနဲ့ သင်္ချာနောက်ဆုံးပုစ္ဆာကို တွက်ချက်ဖို့ အချိန်မရှိတော့ပါဘူး။ အဲဒီနောက် သူမဟာ Taeyeon ရဲ့ မွေးနေ့ဖြစ်တဲ့ ၃ လပိုင်း၊ ၉ ရက်ကို သွားသတိရခဲ့ပြီး အဲဒီပုစ္ဆာအတွက် ၃၉ လို့ ဖြေခဲ့ပါတယ်။
အံ့အားသင့်ဖွယ်ကောင်းစွာ တကယ့်အဖြေမှန်ကလည်း ၃၉ ဖြစ်ခဲ့ပါတယ်။ ဒီမေးခွန်းဟာ ၄ မှတ်တန် မေးခွန်းဖြစ်လို့ သူမအနေနဲ့ ပိုပြီးအမှတ်ကောင်းသွားခဲ့ရပါတယ်။ အဲဒီနောက် သူမဟာ Taeyeon ကို ကျေးဇူးတင်ကြောင်း ဆိုခဲ့ပြီး ဒီအကြောင်းအရာဟာ ပရိသတ်တွေကြားမှာ ပေါက်ခဲ့ပါတယ်။
“Taeyeon က မင်းရဲ့ စာမေးပွဲကို ကူညီပေးခဲ့တာပဲ” “Lucky 39” စသဖြင့် ပရိသတ်တွေ မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ ကောလိပ်ဝင်ခွင့် ဖြေဆိုတဲ့ ပရိသတ်တစ်ဦးကို အဖြေရအောင် ကူညီပေးနိုင်ခဲ့တဲ့ Taeyeon
Ref: Koreaboo