K pop
■ Tale of the Nine Tailed ဇာတ်လမ်းတွဲ ပြီးဆုံးနောက် Lee Dongwook ရဲ့ပေးစာ
-UNICODE
– – – Tale of the Nine Tailed ကတော့ ပရိသတ်တွေကို လွမ်းမောဖွယ်ရာ ချန်ထားခဲ့ပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ (၃) ရက်နေ့မှာတော့ Tale of the Nine Tailed ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။
မြေခွေးနဲ့ လူသားတို့အကြား အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ထုတ်လွှင့်စဉ် တစ်လျှောက်လုံး ပရိသတ်တွေကြား အလွန်ရေပန်းစားခဲ့တာပါ။
နာမည်ကျော်မင်းသား Lee Dong Wook နဲ့ Jo Ba Ah တို့က ခေါင်းဆောင်တွေအဖြစ် သရုပ်ဆောင်ခဲ့ပြီး သူတု့ိနှစ်ယောက်ရဲ့ Chemistry ဖြစ်မှုကလည်း ပိုပြီးကြည့်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထုတ်လွှင့်အပြီး ဒီဇင်ဘာ (၄) ရက်နေ့မှာတော့ Lee Dong Wook က ရိုက်ကူးရေး နောက်ဆုံးနေ့က ဓာတ်ပုံများစွာကို Instagram မှာ တင်ခဲ့ပါတယ်။
ဒါ့အပြင် Lee Dong Wook က ဒီဇာတ်လမ်းတွဲမှာ အတူပါဝင်ပေးကြတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း၊ Jo Boah နဲ့ အတူတွဲဖက် သရုပ်ဆောင်ခဲ့ရတဲ့အတွက်လည်း ကျေနပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ရိုက်ကွင်းကို ကျွန်တော့်ကို စောင့်ပြီး အမြဲတမ်း သက်သောင့်သက်သာဖြစ်စေခဲ့တဲ့ Jo Boah ကိုလည်း ကျေးဇူးတင်လိုပါတယ်။ သူမနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတာ ကျေနပ်စရာပါ။ ဒီ (၇)လ အတွင်း အလုပ်ကြိုးစားပေးခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်လိုပါတယ်”လို့ Lee Dong Wook က ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး Lee Dong Wook က ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်စေလိုကြောင်း၊ သူ့အနေနဲ့ ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page