K pop

■ သူမရဲ့ Personality ကြောင့် အမျိုးသားတွေကို မဆွဲဆောင်နိုင်မှာ စိုးရိမ်နေတဲ့ နာမည်ကျော်မင်းသမီး

— – – ကမ္ဘာပေါ်က အမျိုးသားတိုင်းနီးပါးရဲ့ အားနည်းချက်လို့ ဆိုနိုင်တဲ့ အရာတွေကတော့ …

အသက် (၃၈)နှစ်ကျော်ပြီဖြစ်ပြီး နာမည်ကျော် မင်းသမီး Han Ji Min က သူမရဲ့ Personality ကြောင့် အမျိုးသားတွေကို မဆွဲဆောင်နိုင်မှာ စိုးရိမ်မိတယ်လို့ KBS Cool FM ရဲ့ Good Day To Love အစီအစဉ်မှာ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသားတိုင်းဟာ ချစ်စဖွယ်လေးတွေ လုပ်ပြတတ်တဲ့ အမျိုးသမီးတွေကို သဘောကျပါတယ်။ ဒါပေမဲ့ Han Ji Min ကတော့ အဲဒီအပိုင်းမှာ မပိုင်ဘူးလို့ ဆိုပါတယ်။ “ကျွန်မရဲ့ တူလေးတွေ၊ တူမလေးတွေဆိုရင် ချစ်စရာလေးတွေ လုပ်ပြတဲ့ နေရာမှာ ကျွန်မ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒိတ်လုပ်တဲ့အခါမျိုးတော့ အဲဒီလိုမျိုးတွေ ကျွန်မ လုံးဝကို မလုပ်တတ်တော့ဘူး။ အဲဒါမျိုးက လေ့လာလို့၊ လုပ်ယူလို့ မရပါဘူး။ ကျွန်မ တကယ်ကို အဲဒီလိုလုပ်ချင်တာပါ”လို့ Han Ji Min က ဆိုပါတယ်။

ဆက်ပြီးတော့ Han Ji Min က သူမဟာ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားသူဖြစ်ကြောင်း၊ ဒါပေမဲ့ အမျိုးသားတွေကတော့ ကစားတတ်တဲ့ ကောင်မလေးတွေကို ပိုသဘောကျကြောင်းလည်း ပြောပြခဲ့တာပါ။

သူမက “အချစ်ကို ကစားဖို့(မချစ်ဘဲနဲ့ အသည်းခွဲခြင်းမျိုးမဟုတ်ဘဲ ချစ်လျှက်နဲ့ အမျိုးသားတွေကို ကလိကလိဖြစ်အောင် လုပ်ခြင်းကို ဆိုလိုသည်) ကျွန်မ တွေးတောင် တွေးတောင် မတွေးဖူးဘူး။ ဘယ်လို လုပ်ရမလဲ ကျွန်မ မသိဘူး။ ကျွန်မ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားတယ်။ သူ ပျော်ရင် ကိုယ်လည်း ပျော်တဲ့ဆိုတဲ့ အထဲကပါ။

ဒီတော့ အချစ်တစ်ခုမှာ ကစားဖို့၊ တစ်ခါတလေဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင် လုပ်ဖို့ မလိုဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသား သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့က ကစားတတ်တဲ့ ကောင်မလေးတွေကို သဘောကျကြပါသတဲ့”လို့ ဆိုခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဘာပဲပြောပြော Han Ji Min ရဲ့ ခံယူချက်နဲ့ သူမရဲ့ Personality ကို သဘောကျတယ်လို့ ဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: Good Day To Love & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page