K pop

■ Karaoke သွားရင် BLACKPINK အဖွဲ့ဝင်တွေ လုပ်လေ့ရှိတဲ့ အရာ

— – – တချို့ကတော့ သောင်းကျန်ဖို့အတွက်ကို အင်အားတွေပြည့်နေတာပါ။ Lisa က သီဆိုလေ့ရှိတဲ့ …

Karaoke ခန်းတွေကို ဘော်ဒါတွေနဲ့ သွားရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။ BLACKPINK အဖွဲ့ဝင်တွေ ပရိုအဆိုတော်တွေဖြစ်ပေမဲ့ အပျော်တွေကို နှစ်သက်သူတွေချည်းဖြစ်လို့ Karaoke သွားဆိုတဲ့ အခါမျိုးတွေ ရှိပါတယ်။

Penshoppe TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Lisa ဟာ သူမဟာ Karaoke သွားဆိုတဲ့ အခါမျိုးမှာ တခြားအဖွဲ့ဝင်တွေနဲ့ ခြားနားကြောင်း ပြောပြခဲ့ပါတယ်။

Lisa က “ကျွန်မ Karaoke သွားဆိုလေ့ မရှိပါဘူး။ တကယ်လို့ သွားဖြစ်ရင်လည်း ကျွန်မ သီချင်းဆိုလေ့ မရှိဘူး။ ကျွန်မတို့ အဖွဲ့ဝင်တွေက သီချင်းဆိုကြပြီး ကျွန်မကတော့ သူတို့ဆိုတဲ့ သီချင်းတိုင်းကို လိုက်ဒွန့်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ဆက်ပြီးတော့ Lisa က အဖွဲ့ဝင်တွေက သူ့ကို သီချင်းဆိုပြီး အတင်းတိုက်တွန်းတဲ့အခါမျိုးမှာ မဖြစ်မနေဆိုတဲ့ သီချင်းတစ်ပုဒ်ကိုလည်း ပြောပြခဲ့ပါတယ်။

“ဒါက ပြောရမှာတော့ နည်းနည်းကသိကအောက် ဖြစ်စရာပါပဲ။ Karaoke မှာ ကျွန်မကို သီချင်းအတင်းဆိုခိုင်းတဲ့ အခါမျိုးမှာ BOOMBAYAH သီချင်းကိုပဲ ဆိုလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီသီချင်းက ဒွန့်လို ကောင်းတယ်လေ”လို့ Lisa က ဆိုခဲ့တာပါ။

24/365 with BLACKPINK အပိုင်းတစ်ခုမှာတော့ Jennie က “ကျွန်မ သူငယ်ချင်းတွေနဲ့ Karaoke သွားဆိုတဲ့အခါမျိုးတွေမှာ သူတို့က အပျော်အနေနဲ့ ကျွန်မတို့ သီချင်းနဲ့ ကျွန်မကို ကဖို့ တောင်းဆိုလေ့ရှိတယ်”လို့ ပြောခဲ့ဖူးပါတယ်။

— ဃဲ
Ref: Penshoppe TV & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page