K pop

■ ယုံနိုင်စရာ မရှိတဲ့ Dating သတင်း အဖွများ

— – – Rumors။ တစ်ခါတလေတော့လည်း အတည်ဖြစ်တတ်တယ်။ ဒါပေမဲ့ Lee Min Ho နဲ့ Taylor Swift  တွဲနေတယ်ဆိုတာတော့ ရယ်စရာပဲ မဟုတ်လား။ ဒီမှာ အဲဒီလို ရယ်စရာ Rumors တွေကို တွေ့ရမယ်။

K အနုပညာလောကက Rumors တွေဟာ ပေါများလွန်းပါဘိ။ Rumors တွေ မှန်တွေ ရှိသလို၊ တစ်ခါတလေ ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို ရယ်စရာကောင်းလောက်အောင် ပေါင်းစပ်မှုတွေကလည်း ရှိနေတာပါ။ ဒီတော့ ဘာမှ ပြောမနေပါနဲ့။ ဒီ ရယ်စရာ Rumors တွေကို ရယ်သာ ရယ်လိုက်ပါ။ ဒါက ရယ်ဖို့အတွက် သက်သက်ရေးပေးတာပါ။

Won Bin & Sooyoung (Girls’ Generation)


Celebrity X-Files က က မင်းသား Won Bin နဲ့ Sooyoung (Girls’ Generation) တို့ တွဲနေတယ်ဆိုပြီး သတင်းလွှင့်ခဲ့တာပါ။ ဒါက သတင်းကြီးပါပဲ။ ဘာလို့လဲဆိုတော့ Sooyoung က Jung Kyung Ho နဲ့ တွဲနေတာလေ။ ဒီတော့ နှစ်ဖက်အေဂျင်စီက ငြင်းချက်ထုတ်ပြီး Won Bin နဲ့ Sooyoung အပြင်မှာတောင် တစ်ခါမှာတောင် မတွေ့ဖူးဘူးတဲ့။

Park Bo Young & Kim Hee Won


ကော်ဖီဆိုင်တစ်ခုကို သွားခဲ့တဲ့ Park Bo Young နဲ့ Kim Hee Won တို့ သွားလည်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်လေး ထွက်လာတယ်။ ဒီကနေ သူတို့တွဲနေတယ်ဆိုပြီး သတင်းထွက်လာတာပါပဲ။ ဒီတော့ Park Bo Young က “ငါ အသက်ကြီးနေပါပြီဟယ်။ ဒိတ်သတင်းထွက်ရအောင် ငါ့အသက်က မငယ်တော့ဘူး”လို့ ဆိုခဲ့တာပါ။

Lee Min Ho & Taylor Swift


အရယ်ရဆုံး Rumor ပါပဲ။ ၂၀၁၆ မှာ Lee Min Ho နဲ့ Taylor Swift တွဲလိုက်မယ်ဆိုရင် အရမ်းလိုက်မှာပဲလို့ ပရိသတ်တစ်ယောက်က ရေးသားခဲ့ပါတယ်။ ဒါကို သူတို့နှစ်ယောက်တွဲနေပါတယ်ဆိုပြီး Rumor တွေ ထွက်လာတာပါပဲ။ ဒီတော့ Lee Min Ho ရဲ့ အေဂျင်စီက ဒီလောက်တောင် ရယ်စရာကောင်းရလားဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

Sung Hoon & Park Na Rae


Sung Hoon က ဟာသသရုပ်ဆောင် Park Na Rae အပေါ် ကြင်နာစွာ ဆက်ဆံလေ့ရှိပါတယ်။ ဒါကို ပရိသတ်တွေကို Sung Hoon နဲ့ Park Na Rae တွဲနေတယ်ဆိုပြီး သတင်းလွှင့်ခဲ့လို့ Sung Hoon ခမျာ သူဟာ FA ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ရပါတယ်။

— ဃဲ
Ref: Koreaboo TV & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page