K pop

■ ခပ်လန်းလန်းဓာတ်ပုံကြောင့် ရစရာမရှိအောင် အပြောခံရဖူးတဲ့ IU

— – – မဂ္ဂဇင်းရိုက်ကွင်းနောက်ကွယ်က ခပ်လန်းလန်းဓာတ်ပုံအတွက် IU အပြောခံလိုက်ရတာက …

ကိုရီးယားရဲ့ ပြည်သူ့အချစ်တော်လို့ ခေါ်ကြတဲ့ IU ဟာ ခပ်လန်းလန်းဓာတ်ပုံတစ်ကြောင့် ရစရာမရှိအောင် အပြောခံရဖူးတယ်ဆိုရင် အံ့သြသွားမယ် ထင်ပါတယ်။

IU ဟာ W Korea မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ခဲ့ပြီးနောက်မှာ ရိုက်ကွင်းနောက်ကွယ်က ခပ်လန်းလန်းဓာတ်ပုံကို လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် သူမရဲ့ Instagram မှာ ဝေမျှခဲ့တာပါ။

ပုံကတော့ မြင်တဲ့အတိုင်းပါပဲ။ IU ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပုံဖော်တဲ့ အလန်းစားဓာတ်ပုံတစ်ပုံသာ ဖြစ်ပါတယ်။ အစိတ်အခွဲ မပါသလို၊ ဝတ်စုံကလည်း လုံလုံခြုံခြုံပါပဲ။ ဒါပေမဲ့ Netizen တွေကတော့ အောက်က ပုံမှာ မြင်တဲ့အတိုင်း IU ကို ရစရာမရှိအောင် ဝေဖန်ထားတာ ဖြစ်ပါတယ်။

ကံဆိုးတာက အဲဒီတုန်းက “Nth Room” အရှုပ်တော်ပုံလည်း ပေါ်ပေါက်နေတာလည်း အကြောင်းရင်းတစ်ခု ဖြစ်ပြီး “ဒီလောက်လေးတောင် မစဉ်းစားတတ်ဘူးလား”ကစပြီး “လှူတော့မယ်နဲ့ တူတယ်အထိ” Comment တွေက ပြင်းထန်ခဲ့တာပါ။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page