K pop

■ VIP တွေအတွက် Daesung ရဲ့ အသည်းခိုက်စရာမက်ဆေ့ချ်

— – – ဘာလူမှုကွန်ရက်မှာ အသုံးပြုခြင်းမရှိဘဲ ငြိမ်ချက်သားကောင်းနေတဲ့ Daesung ဟာ သူတို့ကို စောင့်မျှော်နေတဲ့ VIP တွေအတွက် အသည်းခိုက်စရာမက်ဆေ့ချ်တစ်ခု ပေးခဲ့တာပါ။

Flower Road သီချင်းနောက်ပိုင်းမှာ BIGBANG ရဲ့ သီချင်းတွေ၊ ဖျော်ဖြေမှုတွေ၊ အဖွဲ့လိုက်လှုပ်ရှားမှုတွေ မမြင်ရတာ အတော်လေးကြာခဲ့ပါပြီ။ ကမ္ဘာအနှံ့က သူတို့ရဲ့ ပရိသတ်တွေဟာ သီချင်းလေးတွေကို နားထောင်ရင်း ချွေးသိပ်နေခဲ့ရတယ်။

၂၀၂၀ ဧပြီမှာ Coachella နဲ့ BIGBANG အဖွဲ့ရဲ့ Comeback တွေ၊ ကြီးကျယ်ခမ်းနားတဲ့ စတိတ်ဖျော်ဖြေမှုတွေကို မျှော်လင့်ခဲ့ကြပေမယ့် COVID-19 ရဲ့ ရက်စက်မှုအောက်မှာ အဲဒီအိပ်မက်တွေ အကုန်ပြိုကျခဲ့ရပါတယ်။

Daesung က “ကျွန်တော်က လူမှုကွန်ရက်လည်း မသုံးဘူးဆိုတော့ ကျွန်တော့်ရဲ့ သတင်းတွေ စောင့်မျှော်ရင်း အားလုံးဒေါသထွက်နေကြတယ် မဟုတ်လား။ ခင်ဗျားတို့ကို တွေ့ခွင့်မရတဲ့ ဒီအခြေအနေမှာ ကျွန်တော်လည်း ပေါက်ကွဲနေပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကိုယ်ကိုယ့်ကိုယ် ဂရုစိုက်ကြပါ။ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်အောင် နေထိုင်ကြပါ။

သိပ်မကြာခင်မှာ ကျွန်တော်တို့ သီချင်းတွေအတူတူ ဆိုကြမယ်။ ပြီးတော့ အတူတူ ရယ်မောကြမယ်။ အခုလို ခင်ဗျားတို့နဲ့ မတွေ့ရချိန်မှာ အရင်တုန်းက Tour တွေမှာ ခင်ဗျားတို့နဲ့ ပျော်ခဲ့တာတွေကို ကျွန်တော် သတိရနေတယ်။ ခင်ဗျားတို့ကို အရမ်းလွမ်းပါတယ်။

ခင်ဗျားတို့ကို အရမ်းတွေ့ချင်တယ်။ ခင်ဗျားတို့ ကျွန်တော် ဘယ်တော့မှာ မမေ့ပါဘူး။ ခင်ဗျားတို့နဲ့ တွေ့ခွင့်ရမယ့်နေ့ကို ကျွန်တော်တို့ စောင့်နေတယ်။ ခင်ဗျားတို့ အားလုံး ကျန်းမာပျော်ရွှင်စွာနေထိုင်ကြပါ။ ကျွန်တော်တို့ တစ်နေ့ ကျိန်းသေတွေ့ကြမယ်”ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

VIP တွေဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ BIGBANG ကို နားလည်မှုအပြည့်ရှိပြီး ကြိုက်သလောက်နား၊ လာချင်တဲ့ အချိန်မှာ ပြန်လာလို့ ဆိုနေကြပေမယ့် သူတို့ရဲ့ ရင်ထဲမှာ တိတ်တဆိတ်ကြိတ် ငိုနေတယ်။ သူတို့ဟာ BIGBANG ရဲ့ Comeback ဆိုတာကို နားစွင့်နေကြတယ်။

— ဃဲ

 

You cannot copy content of this page