Cele

■ 2020 MMA’s Best OST Award ကိုဆွတ်ခူးရရှိခဲ့တဲ့ မင်းသား Jo Jung Suk

— 2020 Melon Music Awards ရဲ့ Best OST ဆုကို မင်းသား Jo Jung Suk က သိမ်းပိုက်သွား တာပါ။

ဒီဇင်ဘာလ 3 ရက်နေ့က ဒီနှစ်အတွက် MMA’s Best OST Award ကို မင်းသား Jo Jung Suk သီဆို ခဲ့တဲ့ ‘Hospital Playlist’ OST “Aloha” က ရရှိသွားခဲ့တယ်လို့ MMA က ကြေညာခဲ့တာဖြစ်ပါတယ်။

မင်းသား Jo Jung Suk ဟာ သရုပ်ဆောင်ပိုင်းမှာသာ တော်ရုံမက များစွာသော ဒရာမာတွေမှာ OST သီချင်းတွေဆိုဖူးတဲ့သူဖြစ်ပါတယ်။ ‘Hospital Playlist’ ထဲက OST “Aloha” ကတော့ ဒီနှစ်အတွက် အကောင်းဆုံး OST အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ဆုရခဲ့တဲ့အကြောင်းကို Jo Jung Suk က “ Melon charts မှာ #1 ဖြစ်ခဲ့မယ်လို့ ကျွန်တော်မယုံနိုင်ခဲ့ပါ ဘူး။ မိသားစုအတွက် ဂုဏ်ယူစရာဖြစ်သလို အရမ်းလည်းပျော်ရွှင်ပါတယ်။ ပရိသတ်အားလုံးကို ကျေး ဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ပြီး Jo Jung Suk က ပြီးခဲ့တဲ့ MMA မှာ Best OST ဆုကို ရခဲ့တဲ့ ဇနီးချော Gummy ကိုလည်း အခုလို ပြောခဲ့ပါတယ်။

“ Gummy ကို ပရိသတ်တွေက OST Queen လို့ ခေါ်ဝေါ်သတ်မှတ်ထားကြတာပါ။ ဒီကနေ သူ့ကို ကျွန် တော်ပြောလိုက်ချင်ပါတယ်။ ‘ငါ့ရဲ့ ဆုကို မြင်လား’ ဆိုပြီးတော့ပါ” လို့ ရယ်မောပြီး Jo Jung Suk က ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page