K pop

■ Group of The Year on Variety’s Hitmakers 2020 အတွက် BLACKPINK ဘာပြောသလဲ

— 2020 ခုနှစ် Group of The Year on Variety’s Hitmakers အဖြစ် BLACKPINK အဖွဲ့ဂုဏ်ပြုခံ ရတာ BLINK တွေအားလုံးသိပါတယ်။

BLACKPINK အဖွဲ့ဟာ 2020 ခုနှစ်အတွင်းမှာ များစွာသော မိုင်တိုင်အသစ်တွေနဲ့ အောင်မြင်မှုတွေ မြောက်များစွာရရှိခဲ့ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ပေါ်ပြူလာဖြစ်နေတဲ့ BLACKPINK အဖွဲ့ဟာ 2020 ခုနှစ် Group of The Year on Variety’s Hitmakers အဖြစ် ဂုဏ်ပြုခံခဲ့ရပြီး ဒီဂုဏ်ပြုမှုကိုရရှိ တဲ့ ပထမဆုံး K-pop Girl Group လည်းဖြစ်ပါတယ်။

Variety’s Hitmakers ဟာ ဒီဇင်ဘာလ 3 ရက်နေ့မှာ ဆုရတဲ့သူတွေကို YouTube မှာ တင်ခဲ့ပြီး BLACKPINK အဖွဲ့ဟာလည်း Group of The Year on Variety’s Hitmakers ရခဲ့တဲ့အတွက် ခံစား ချက်တွေကို ပြောခဲ့ပါတယ်။

“ Group of The Year on Variety’s Hitmakers အဖြစ် ဂုဏ်ပြုခံရတာဟာ မင်းတို့(ပရိသတ်)တွေ မပါဘဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နောက်ထပ် မင်းတို့တွေကို ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်း ပြောပါရစေ။ 2020 ခုနှစ်ဟာ အဖွဲ့အတွက် များစွာသောအမှတ်တရတွေရှိခဲ့တဲ့နှစ်လို့ ဆိုရမှာပါ။ ကျွန် မတို့ရဲ့ ပထမဆုံး Full Album ထုတ်လွှင့်နိုင်ခဲ့သလို တစ်ကမ္ဘာလုံးက ပရိသတ်တွေဆီကနေလည်း အားပေးတဲ့ မက်ဆေ့ချ်တွေလည်း ရရှိခဲ့ပါတယ်။ BLINK တွေ ကျေးဇူးတင်ပါတယ်။ အရမ်းချစ်ပါ တယ်”

-BLACKPINK

BLACKPINK အဖွဲ့ရဲ့ သီချင်းတွေဖြစ်တဲ့ “How You Like That” ၊ “Ice Cream” ၊ “ Lovesick Girls” တွေဟာ ပရိသတ်တွေနှစ်သက်ခဲ့တဲ့ MV တွေဖြစ်ခဲ့ကြပါတယ်။ ပထမဆုံး Full Album ဖြစ်တဲ့ ‘The Album.’ ဟာလည်း ပထမဆုံး Million-Seller K-pop Girl Group အဖြစ် BLACKPINK ကို မှတ်တမ်း ဝင်စေခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page