K Drama

■ ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားတဲ့ ကိုရီးယားဇာတ်လမ်းတွဲများ (၁)

– – – K Drama ကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ နှစ်သက်ကြပါတယ်။ အခုဖော်ပြမယ့် ဇာတ်လမ်းတွဲဟာ …

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ လက်ရှိမှာ ကမ္ဘာအနှံ့က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Jewel in the Palace (2003)


ဂျိုဆန်းခေတ်က ပထမဆုံးအမျိုးသမီး ဆေးဆရာမလေး Jang Geum ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ကိုရီးယားဓလေ့၊ ကိုရီးယားတိုင်းရင်းဆေးဝါးတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ Lee Young Ae, Jin Jin Ee နဲ့ Hong Ri Na တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

 

2. Full House (2004)


နာမည်ကျော် မင်းသားတစ်ယောက်နဲ့ သာမန်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖန်စီဆန်ဆန် ပုံဖော်ထားတာပါ။ Song Hye Kyo နဲ့ Rain တို့ အဓိက ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကို နိုင်ငံ(၆)ခုက ပြန်ရိုက်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။

 

3. Coffee Prince (2007)


Romantic comedy အမျိုးအစားဖြစ်ပြီး ကော်ဖီဆိုင်ရှင် လူပျိုကြီးက ယောကျ်ားလေးယောင် ဆောင်ထားတဲ့ ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းကို ဟာသဆန်ဆန်ပုံဖော်ထားတာပါ။ Yoon Eun Hye နဲ့ Gong Yoo တို့ အဓိက သရုပ်ဆောင်ထားပါတယ်။

 

4. Boys Over Flowers (2009)


Lee Min Ho, Ku Hye Sun, Kim Hyun Joong, Kim Bum နဲ့ Kim So Eun တို့ရဲ့ Boys Over Flowers ဇာတ်လမ်းတွဲဟာ အာရှမှာသာမက ကမ္ဘာမှာပါ ရိုက်ခတ်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ထိတ်ထိတ်ကြဲသူဌေးသားတွေနဲ့ သာမန်မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

 

5. The Secret Garden (2010)


Romantic comedy ပဲဖြစ်ပြီး ချမ်းသာတဲ့ အမျိုးသားနဲ့ ဆင်းရဲတဲ့ Stunt အမျိုးသမီးတို့ Soul ပြောင်းလဲသွားပြီး ကမ္ဘာသစ်ကို လေ့လာကြတဲ့ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲမှာ Ha Ji Won နဲ့ Hyun Bin တို့ရဲ့ အတွဲညီမှုကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အသိအမှတ်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page