Celebrity

■ Lee Seung Gi ရဲ့ Album အသစ်ထဲမှာ Featuring အဖြစ် သီဆိုပေးထားတဲ့ BTS အဖွဲ့ဝင်နှစ်ဦး

— မင်းသားချော Lee Seung Gi ဟာ (၅)နှစ်အတွင်း ပထမဆုံးအကြိမ် အဆိုတော်တစ်ဦးအနေနဲ့ Comeback ပြန်လုပ်တာဖြစ်ပြီး သူ့ရဲ့ Album သစ်ထဲမှာ BTS အဖွဲ့ဝင်နှစ်ဦးက Featuring အဖြစ် တစ်ပုဒ်သီဆိုပေးထားတယ်လို့ သိရပါတယ်။

BTS အဖွဲ့ဝင်နှစ်ဦးကတော့ RM နဲ့ J-Hope ဖြစ်ပါတယ်။ ဒီဇင်ဘာလ 4 ရက်နေ့က Lee Seung Gi ဟာ သူ့ရဲ့ Album သစ် ‘The Project’ ထဲမှာပါဝင်တဲ့ Track List တွေကို ထုတ်ပြန်ခဲ့ပါတယ်။

Album သစ် ‘The Project’ ထဲမှာ နိုဝင်ဘာလက Lee Seung Gi ထုတ်လွှင့်ခဲ့တဲ့ pre-released single ‘The Ordinary Man’ အပါအဝင် သီချင်းအားလုံးပေါင်း (9)ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ အဲဒီ Track List မှာ K-popper တွေအဆွဲဆောင်နိုင်ဆုံး Track List တစ်ပုဒ်လည်းရှိခဲ့ပြီး Featuring အနေနဲ့ BTS အဖွဲ့ဝင် RM နဲ့ J-Hope တို့က ပါဝင်သီဆိုပေးထားတာဖြစ်ပါတယ်။

RM နဲ့ J-Hope တို့ အဆိုပါသီချင်းရဲ့ Rap အပိုင်းတွေကို သီဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ Lee Seung Gi ဟာ သူ့ရဲ့ Album သစ်ကို ဒီဇင်ဘာလ 10 ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page