Drama

■ ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားတဲ့ ကိုရီးယားဇာတ်လမ်းတွဲများ (၂)

– – – K Drama ကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ နှစ်သက်ကြပါတယ်။ အခုဖော်ပြမယ့် ဇာတ်လမ်းတွဲဟာ …

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ လက်ရှိမှာ ကမ္ဘာအနှံ့က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

6. The Moon Embracing the Sun (2012)


ကိုရီးယားသမိုင်းအချစ်ဇာတ်လမ်းတွဲဖြစ်ပြီး Kim Soo Hyun နဲ့ Han Ga In တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Kim Soo Hyun နာမည်ရတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး သူဟာ “You are the One” ဇာတ်ဝင်တေးကိုပါ သီဆိုပြီး အဆိုစွမ်းရည်ကိုပါ ပြသခဲ့တာပါ။

 

7. Heirs (2013)


Heirs ကတော့ သူငယ်ချင်း၊ ပြိုင်ဆိုင်မှုနဲ့ လူကုံထံကလေးတွေအကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပြီး Lee Min Ho၊ Park Shin Hye တို့အပါအဝင် Kim Woo Bin, Kim Ji Won, Kang Ha Neul, Krystal, Park Hyung Sik တို့လို နာမည်ကျော်တွေ ပါဝင်ခဲ့ပါတယ်။

 

8. My Love from the Star (2014)


စိတ်ကူးယဉ် အချစ်ဇာတ်လမ်းဖြစ်ပြီး Kim Soo Hyun နဲ့ Jun Ji Hyun တို့ အဓိက သရုပ်ဆောင်ထားပါတယ်။ တခြားဂြိုဟ်က လာပြီး လူသားကမ္ဘာမှာ နှစ်ပေါင်းများစွာ နေထိုင်လာသူနဲ့ နာမည်ကျော်မင်းသမီးတို့အကြားက အချစ်ဇာတ်လမ်းကို ဟာသလေးတွေနဲ့ ခံစားရမှာပါ။

 

9. Pinnochio (2015)


Park Shin Hye နဲ့ Lee Jong Suk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Pinnochio ကတော့ မီဒီယာတွေကြောင့် မိသားစုနဲ့ ဘ၀ ပျက်စီးသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာပါ။

 

10. Healer (2015)


Healer က အတိတ်က အမှန်တရားကို ဖော်ထုတ်တဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပြီး အမှန်တရားနဲ့ ယုံကြည်မှုကို ရှာဖွေဖို့ ကြိုးစားကြတဲ့ Ji Chang Wook နဲ့ Park Min Young တို့ကြားက အချစ်ဇာတ်လမ်းကိုပါ မြင်တွေ့ရမှာပါ။

Ref: Koreaboo

You cannot copy content of this page